EP-25(Truth about The Past)

3K 150 10
                                    

မ​နေ့ညက အိပ်​မက်​ကြောင့်​​ကော ကိုယ့်​အ​တွေးနဲ့ကိုယ်​​ကြောင့်​​ကော အလုပ်​ထဲကို အာရုံစိုက်​လို့မရ...အ​ကြောင်းပြချက်​မရှိပဲ ကျဆင်း​နေတဲ့ မျက်​ရည်​​တွေရဲ့ အဓိပ္ပါယ်​ ကိုလည်း နားမလည်​..ဘာ​တွေဖြစ်​​နေတာလဲ...ဒီ​နေ့တစ်​​နေ့လုံး ဘယ်​သူနဲ့မှလည်း စကားမ​ပြောချင်​တာနဲ့ မာမား ဖုန်း​ခေါ်တာ​တောင်​ မကိုင်​လိုက်​ဘူး...အဆက်​မပြတ်​ ကျဆင်း​နေတဲ့ မျက်​ရည်​​တွေကို အစက​တော့ သုတ်​​နေ​သေးတယ်​...ဒါ​ပေမယ့်​ ဆက်​ကျ​နေတုန်းပဲ မို့ မသုတ်​​တော့ပဲ ဒီတိုင်းပဲ ထားလိုက်​​တော့တယ်​...မျက်​လုံး​တွေကျိမ်းစပ်​​နေ​အောင်​ ကျ​နေတဲ့ မျက်​ရည်​​တွေကို ရပ်​တန့်​​စေတာက တံခါး​ခေါက်​သံ တစ်​ချက်​​...

'ဝင်​ခဲ့ပါ.....'

စကားမ​ပြောချင်​ပါဘူးဆိုမှ ဘယ်​သူလဲ မသိဘူး....လှမ်းကြည့်​လိုက်​​တော့ VIP guest ​တွေအတွက်​ welcome envelope ​လေး အထပ်​လိုက်​ကိုင်​လို့ ဝင်​လာတဲ့ သူ....ပကတိ ဖြူစင်​တဲ့ သူ့မျက်​နှာ​လေးကို မြင်​လိုက်​ရတဲ့ တခဏ ​တော့ အ​မော​ပြေသွားတယ်​..သူ့က ကျ​နော်​ကို ကြည့်​လိုက်​​တော့ ငိုထားတာ သိသွားတယ်​ထင်​တယ်​ မသိမသာ မျက်​နှာပျက်​သွားတယ်​...သူ​မေးချင်​​ပေမယ့်​ မ​မေးခဲ့ပါ....

A/N(welcome envelope ဆိုတာ return guest ​တွေ VIP guest ​တွေအတွက်​ စာတို​လေး​တွေ​ရေးပြီး အခန်းထဲကို ပို့​ပေးတာမျိုးပါ..အဲ့ဒီ့စာ​တွေက တချို့ hotel ​တွေမှာ GM ကိုယ်​တိုင်​ ​ရေး​လေ့ရှိတယ်​)

'ဟို...FOM က ပို့ခိုင်းလိုက်​လို့...'
'​ကျေးဇူးပဲ...'

လုပ်​စရာရှိတာ လုပ်​ပြီး​တော့ သူ့အခန်းထဲက ပြန်​ထွက်​လာတဲ့အထိ စိတ်​မ​အေးနိုင်​​သေးပါ....သူငိုထားတယ်​....နီ​နေတဲ့ မျက်​​ထောင့်​​လေး​တွေ..ခပ်​ရဲရဲ နှာ​ခေါင်းထိပ်​​လေး ရယ်​....ဘာလို့လဲဟင်​.....မင်း​ကော...အရမ်းပင်​ပန်း​နေမှာ​ပေါ့​နော်​....ငါ့​ကြောင့်​ငိုတာလားဟင်​.........အရမ်း အထီးကျန်​​​နေလာ်း​......မငိုပါနဲ့...ငါပြန်​ပြီး စိတ်​ယိုင်​မိသွားမှာ စိုးရိမ်​လို့.....
.
.
'ရဲရင့်​.....'

အရမ်းလွမ်းလွန်းလို့ အလုပ်​အားတာနဲ့ သူ့ရုံးခန်းထဲ ​ပြေးဝင်​လာ​ပေမယ့်​ သူက စားပွဲ​ပေါ်​ခေါင်းတင်​ပြီး အိပ်​​နေ​လေရဲ့....အလုပ်​ပင်​ပန်းလို့လားဟင်​...​နေ့လည်​စာ​ကော စားပြီးပြီလား...အိပ်​​မောကျ​နေတာထင်​တယ်​...​ဟောက်​သံ​တိုးတိုး​လေးကြား​နေရတယ်​...ကျမ နှင်းနုဟာ​လေ...သူ့ရဲ့ ​ဟောက်​သံ​လေးကအစ မြတ်​နိုးမိသူပါ...တဖြည်းဖြည်း သူ့နားကို တိုးတိုး​လေး​လျှောက်​လာရင်း သူမျက်​နှာ လှည့်​ထားတဲ့ ဖက်​ကို ခုံ​လေးဆွဲထိုင်​လိုက်​တော့......သူ....ငိုထားတယ်​........ဘာလို့လဲ......ထပ်​ပြီး...​ကောင်းကင်​ ​ကြောင့်​ပဲလား......ရဲရင့်​ရယ်​....နင်​ငါ့အ​ပေါ်ဆို အမြဲ အဲလိုပဲ ရက်​စက်​တယ်​ဟာ....သူငိုထားတဲ့ဆိုတဲ့ အသိ​နဲ့အတူ စားပွဲ​ပေါ်မှာ တင်​ထားတဲ့ စာရွက်​အဖြူ​ပေါ်က သူ့လက်​​​ရေးနဲ့ စာ​ကြောင်း​လေး​ကြောင့်​ ကျမလည်း နာကျင်​ရပြန်​ပြီ....မျက်​ရည်​လည်​ ရပြန်​ပြီ......

Love Affair (ZG + Uni) (Completed)Where stories live. Discover now