EP-27( Painful Valentine )

3.2K 162 4
                                    

ဒီ​နေ့​တော့ အိပ်​မက်​ဆိုး​တွေ မနှိ​ပ်​စက်​ခဲ့ပါ...အိပ်​မက်​ဆိုတာ အိပ်​​ပျော်​​နေသူ​တွေပဲ ပိုင်​ဆိုင်​ရတာ​လေ....ကျ​နော့ကိုယ်​ ကျ​နော်​ ဒီ​လောက်​ထိ ​ပျော့ညံ့သူမှန်း ကိုယ်​တိုင်​​တောင်​ မသိခဲ့တာပါ.....အကြည့်​.....သူ့ရဲ့အကြည့်​​တွေ...ကျ​နော်​ တစ်​ခါမှ မ​တွေ့ကြုံဖူးခဲ့တဲ့ သူ့ဆီက အကြည့်​ခါးခါး​တွေ....တန်​ပါတယ်​....မင်းအ​ပေါ်ငါရက်​စက်​ခဲ့တာ​တွေနဲ့ ယှဉ်​ရင်​ မင်း တုံ့ပြန်​လိုက်​တဲ့ ဥပက္ခာ က ငါနဲ့ တန်​ပါတယ်​...ငါ့ကိုယ်​တိုင်​​တောင်​ မသိလိုက်​ပဲ မင်းကို နာကျင်​​စေပြန်​ပြီ...တစ်​ယောက်​တည်း ဘယ်​​လောက်​​တောင်​ အထီးကျန်​လိုက်လိမ့်​မလဲ?? တစ်​​ယောက်​တည်း ဘယ်​​လောက်​​တောင်​ နာကျင်​​နေလိုက်​မလဲ??..တစ်​​ယောက်​တည်း ဘယ်​​လောက်​​တောင်​ ​ကြောက်​​နေလိုက်​မလဲ...ငါဆိုတာ​လေ....ချစ်​ပါတယ်​လို့ တဖွဖွ ​ပြော​နေရင်း ချစ်​ရသူကို မျက်​ရည်​ကျ​စေတဲ့ လူတစ်​​ယောက်​ပါ....မင်းငါ့ကို နာကြဉ်း​နေမှာ​ပေါ့​နော်​.....ဒါ​​ပေမယ့်​ မမုန်းလိုက်​ပါနဲ့.......မုန်းလိုက်​ပါလို့ အကြိမ်​ကြိမ်​ အမိန့်​​တွေ ​ပေးခဲ့​ပေမယ့်​ တကယ်​​တော့ မမုန်းလိုက်​ပါနဲ့​နော်​......ငါ ခံနိုင်​ရည်​မရှိလို့ပါ.......
.
.
'ဟုတ်​တယ်​ ရဲရင့်​...​ကောင်းကင်​ မင်းတို့ hotel ကို ​မ​ရောက်​လာခင်​​လေးတင်​...သူသိသွားခဲ့တာ..'

မင်းခန့်​က အားနာတဲ့မျက်​လုံးများနဲ့ ဆိုတယ်​...မြတ်​နိုးက​တော့ နှုတ်​ဆိတ်​လျက်​​ပေါ့....

'ငါဘယ်​လိုလုပ်​ရမလဲဟင်​....ငါလည်း အရမ်း မွန်းကျပ်​​နေပီ...ငါ​လေ....အားလုံးကို အရှံး​ပေးလိုက်​ချင်​ပီ....'

ဒီတစ်​ခါ​တော့ နှစ်​​ယောက်​လုံးဆီမှ သံပြင်းချသံများသာ ကြားလိုက်​ရတယ်​......

'ငါ daddy လိုလူတစ်​​ယောက်​ မဖြစ်​ချင်​ဘူးလို့ အကြိမ်​ကြိမ်​ ​ရေရွတ်​ရင်းနဲ့ ငါ့စိတ်​​တွေ မပြတ်​မသားဖြစ်​မှာ ​ကြောက်​တယ်​...ငါ့​ကြောင့်​နဲ့ တခြားသူ​တွေနာကျင်​​နေရတာမျိုး ငါမုန်း​နေပီ.....ပီး​တော့...သူ.....သူအရမ်းပင်​ပန်း​နေ​လောက်​ပီ ငါ​ကြောင့်​​ပေါ့....ဒါ​ပေမယ့်​...သူငါ့ကို မုန်းသွားမှာ ငါ​ကြောက်​တယ်​....သူတစ်​ခြားတစ်​​ယောက်​ကို ချစ်​သွားမှာ ငါ​ကြောက်​တယ်​...သူ.......ငါ့ကို မမုန်း​လောက်​​သေးပါဘူး​နော်​..'
'​ကောင်းကင်​ က မင်းကို အရမ်းချစ်​ခဲ့တာ....သူငါ့ကို အမြဲလိုလို ရင်​လာဖွင့်​​လေ့ရှိတယ်​..မင်းရဲ့ရက်​စက်​မှု​တွေ အ​ကြောင်း​ပေါ့...ဒါ​တောင်​ သူမင်းကို လွယ်​လွယ်​​နဲ့ ​မေ့နိုင်​ခဲ့တာမဟုတ်​ဘူး...သူအရမ်း ခံစားခဲ့ရတာ...'
'သူ သိ​နေခဲ့မှန်းသာသိရင်​ ငါရက်​စက်​ခဲ့ပါ့မလားကွာ...ငါလည်း ဘယ်​ရက်​စက်​ချင်​ပါ့မလဲ...ဘယ်​​အေးစက်​ချင်​ပါ့မလဲ...သူ့ကို ဘယ်​နာကျင်​​စေချင်​ပါ့မလဲ....ဒါ​ပေမယ့်​ အခု​တော့ အရာအားလုံး ​နောက်​ကျသွားပီ...သူငါ့ကို နာကျဉ်းသွားလောက်​ပြီ..မုန်းသွား​လောက်​ပီ...ဒါ​ပေမယ့်​​လေ...ငါဘယ်​လိုလုပ်​ရမလဲ...ငါသူ့ကို လက်​လွှတ်​မခံနိုင်​​သေးဘူး....'
'ရဲရင့်​....နင်​က တစ်​ချိန်မှာ နှင်းနုနဲ့ လက်​ထပ်​ရမှာ...နင်​​ရှေ့ဆက်​တိုးရင်​​တောင်​ တကယ်​တမ်း နစ်​နာသူဟာ ​ကောင်းကင်​ပါ....နင်​​ကောင်းကင်​ အတွက်​​နည်းနည်း​တော့ စဉ်းစား​ပေးသင့်​တယ်​...နင်​သူ့ကို ချစ်​တာ ငါ နားလည်​ပါတယ်​...ဒါ​ပေမယ့်​ နင့်​သူ့အ​ပေါ်ရက်​စက်​လွန်းတယ်​...သူ့ကို ​ပျော်​ရွင်​ခွင့်​​ပေးလိုက်​ပါ...ဒါမှ နင်​လည်း နာကျင်​ရတဲ့ ဒဏ်​သက်​သာမှာ​ပေါ့....'

Love Affair (ZG + Uni) (Completed)Where stories live. Discover now