Hotel ရောက်ပီးပီးချင်း တစ်ယောက်တစ်ခန်း ယူပီး အနားယူကြတယ်...စောလည်းစောသေးတာကိုး...
အလင်းရောင် ဟပ်နေတဲ့ ခန်းဆီးလိုက်ကာ မှ တဆင့်နေရောင်က မျက်နှာကို အလင်းပြန်တော့ မျက်တောင်လေးတွေလှုပ်ရွလာတယ်..မိုးခင်းပြီဆိုတဲ့ အသိနဲ့ အိပ်ရာထဖို့ပြင်တော့ ပင်လယ်ဖက်က လှိုင်းသံလေးတွေရယ်..လတ်ဆက်တဲ့ ပင်လယ်လေနဲ့ လေးရယ်ကြောင့် ကျွန်တော့် ငွေဆောင်ရောက်နေတာကို သတိရသွားတယ်...ဟုတ်သားပဲ...ငါငွေဆောင်ရောက်နေတာပဲ....မျက်လုံး အစုံကို စိတ်လှုပ်ရှားသွားဖွင့်ကြည့်မိတယ်...ချက်ချင်းဆိုသလို ရဲရင့်ဆီမှ ဖုန်း....
'Hello!'
'ကောင်းကင် မနိုးသေးဘူးလား..'
' အင်း ငါအခုပဲ နိုးတာ..'
'ငါတို့ မနက်စာ စားဖို့စောင့်နေတယ်...မြန်မြန်လာ..'
'Okay...ငါလာပြီ...'ကျွန်တော့် ချက်ချင်းထပြီး မျက်နှာသစ် သန့်ရှင်းရေး လုပ်ပြီး breakfast ကျွေးတဲ့နေရာကို လာခဲ့လိုက်တယ်..hotel က အကြီးကြီးတော့မဟုတ်ပေမယ့် တော်တော်တော့ကောင်းတယ်ဗျ...breakfast ကျွေးတဲ့ နေရာကို restaurant နဲ့ ပေါင်းဖွင့်ထားတာ ကျွန်တော် သူတို့ထိုင်နေတဲ့ ဝိုင်းမှာ ဝင်ထိုင်လိုက်တော့ ရဲရင့်ကို မတွေ့မိ....
'ရဲရင့် ကော?'
'သူ ဟိုမှာ မန်နေဂျာ နဲ့ စကားပြောနေတယ်...'မြတ်နိုး ညွှန်ပြတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ဘာကြောင့်မှန်းမသိ အသက်ရှူရခက်လောက် ရင်တွေ အရမ်းခုန်လာတယ်...တီရှပ်မိုးပြာရောင်လေးနဲ့ ဘောင်းဘီအတိုလေးနဲ့ တွဲဝတ်ထားတဲ့ သူက သူများတွေထက် ပိုပြီး တောက်ပနေသလို...ပုံမှန်လှန်တင်ထားတတ်တဲ့ သူ့ဆံပင်လေးတွေက အခု နဖူးပေါ်မှာ ခပ်ဝဲဝဲလေးကျနေတယ်...နေရှိန်လို့ထင်တယ်...နေကာမျက်မှန်လေးနဲ့....မျက်မှန်ကြောင့် ဖုံးနေတဲ့ သူ့မျက်ဝန်းညိုညိုလေးတွေကို မရမက လိုက်ကြည့်နေမိတဲ့ အကြောင်းပြချက်ကို ကျွန်တော် မသိ....ကျွန်တော်နဲ့ အကြည့်ချင်းဆုံသွားတော့ လက်လှမ်းပြတဲ့သူ့ကို ငေးသာကြည့်နေမိတယ်....ရုတ်တရက် ဆိုသလို အာခြောက်လာလို့ ရေတစ်ခွက်ကို မရပ်မနားသောက်ချမိတော့ ရေသီးသွားမှ ကျွန်တော့် အတွေးတွေ သူ့ဆီကနေ ပြန်ရောက်လာတော့တယ်...
![](https://img.wattpad.com/cover/167667908-288-k614179.jpg)
YOU ARE READING
Love Affair (ZG + Uni) (Completed)
Novela Juvenilငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...