'ဘာ.......နင်တို့နှစ်ယောက်တွဲနေတယ်...'
'တိုးတိုးလုပ်ပါဟ..နင်လုပ်တာ ငါ့ကောင်းလေး ရှက်သွားပြီ...'
'ဘယ်လို ဘယ်လို..ငါ့ကောင်းလေးတဲ့ လား...မင်းခန့် နင်ဘာမှမပြောတော့ဘူးလား ဒီကောင့်ကို..'
'လွှတ်ထားလိုက်ပါဟာ..သူလည်းတစ်ခါတစ်လေတော့ ယွဦးမှာပေါ့..ဘာပဲပြောပြောသားရီးတို့ congratulation 😎😎'
'ကျေးဇူးပဲ ဟျောင့် 😝'
'Awww....ရဲရင့်သွေးရယ် ငါအရင်က seme လုပ်ပါဆိုတော့ ငါ့ကိုဆဲတာ မိုးမွှန်နေတာပဲ...အခုကျမှ ငါ့အစ်ကို ကို ကောင်းလေး တဲ့...တော်တော်တတ်လည်းတတ်နိုင်ပါ့......ဟဲ့ မင်းခန့်....နင်သူတို့အတွဲကိုအားကျရင် ငါ့ကိုပြော..ငါနင့်ကိုလည်း လင်ရှာပေးမယ်😎'
'ငါ့ကို မရှာပေးခင် နင်ပဲ အရင်ဘဲရှာလိုက်ဦး'
'သေနာ 😒😒'..........
'ရဲရင့်.....'
ဒီနေ့ ရဲရင့်က အဆောင်ပြန်လိုက်ပို့မယ်ဆိုလို့ သူနဲ့တူတူ ကားparking ဆီသွားနေတုန်း..နှင်းနု အသံကြားလို့ လှည့်ကြည့်လိုက်တယ်..
'ဟိုလေ..ဒီနေ့လည်း ငါကားကြုံလိုက်လို့ရလား..'
'Aww..ဟိုလေ..ငါဒီနေ့ ကောင်းကို..'
'ရပါတယ်..ရဲရင့် ငါ bus ကားနဲ့ပြန်လိုက်မယ်..မင်းနှင်းနုကို လိုက်ပို့လိုက်...'
'မဟုတ်တာ..နှင်းနု ဝင်ရှုပ်သလိုဖြစ်သွားလား..sorry နော် နှင်းနုမသိလို့..'
'ဒီလိုလုပ်ပါလား...နှင်းနု ငါနင့်ကိုလိုက်ပို့မယ် ဒါပေမယ့် လောလောဆယ် ကောင်း ကို ငါ ၁၀မိုင်လိုက်ပို့လိုက်ဦးမယ်..နင်လိုက်ခဲ့လေ..အပြန်ကျမှအတူပြန်တာပေါ့...အဆင်ပြေလား'
'အင်း ငါက အဆင်ပြေတယ်...ကောင်းကင် ကော အဆင်ပြေလား'
'ဟုတ်..ကျွန်တော် အဆင်ပြေပါတယ်..'ဘာသဘောလဲ..ကောင်း...ငါ့ကို ဘာလို့ သူနဲ့နှစ်ယောက်တည်းပြန်ခိုင်းတာလဲ..မင်းနည်းနည်းလေးတော့ သဝန်တိုသင့်တာပေါ့ကွာ...အခုလည်းကြည့်..သူက အနောက်ခန်းမှာထိုင်ပြီး နှင်းနုကို ကျွန်တော့်ဘေးမှာ အတင်းထိုင်ခိုင်းနေတယ်..မင်းလေးကတော့လေ....
![](https://img.wattpad.com/cover/167667908-288-k614179.jpg)
YOU ARE READING
Love Affair (ZG + Uni) (Completed)
Fiksi Remajaငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...