မြန်မာ သက္ကရာဇ် ၁၂၉၇ခု၊တပိုတွဲ လစန်း ၁၄ရက်
ကြာသပတေးနေ့ (ရက်ရာဇာ)ဒီနေ့ ငယ်နှင်း အသက်၁၆နှစ် ပြည့်တဲ့နေ့...
ရင်ခုန် စိတ်လှုပ်ရှားတာကြောင့် အစောကြီး နိုးနေခဲ့သည်။အမေကတော့ သူ့အတွက် ရွာဦး ကျောင်းမှာ ဆွမ်းကပ်ပေးသည်။
ရပ်နီးရပ်ဝေး ခင်ရာမင်ရာ ဆွေမျိုး သားချင်းတွေကိုတော့ အိမ်မှာဘဲ ထမင်းကျွေးမည် ဆိုတော့
အိမ်အနောက်ဘက်မှာ ချက်ပြုတ်နေကြသည်။အဖေက တော့ အောက်ထပ်က ကွပ်ပြစ်မှာ လူကြီး တွေနဲ့ စကားလက်စုံကြနေလေတယ်။
ငယ်နှင်းကတော့ အိမ်ကြီးရဲ့ အပေါ်ထပ် သူ့ခန်း ထဲကနေ စိတ်လှုပ်ရှား လွန်း လို့ ခြေဖျား လက်ဖျားတွေပင် တုန်ကာ အေးနေသည်။
ဟုတ်သည် မြို့က အစ်ကို ပြန်လာမည်တဲ့။ အဘယ်မျှ ကျက်သရေ ရှိတဲ့စကားပါလိမ့်။
ပြီးတော့ အသက် ၁၆နှစ် ပြည့်ပြီဆိုတော့ သူ လူပျို ပေါက်စ ဘဝကို ရောက်သွားပြီလေ။
တစ်နည်းအားဖြင့် လူပျို စာရင်းသွင်း လိုက်ပြီလေ။
ဒီတော့ ရပ်ထဲ ရွာထဲမှာ သာမှု ရှိရှိ နာမှု ရှိရှိ သူပါ ဝိုင်းဝန်းကူညီ ရတော့မည်။
ထင်းတစ်ချောင်း ပေါက်နိုင်ပေါက်နိုင် ရေတစ်ထမ်း ဆွဲနိုင်ဆွဲနိုင် သူ လုပ်ရတော့မည်။သူဒီလို နေ့မျိုးကို စောင့်နေတာလေ။
ကိုယ့်မှာ သူကြီး သား ဆိုတဲ့ ဂုဏ်နဲ့ ဟောဒီခြံဝိုင်း ကြီးမှာဘဲ တစ်သီး တစ်သန့် နေထိုင်ခဲ့ရတယ်။
ရွာထဲက လူတွေ ဆိုတာ ကလည်း အရေး ကိစ္စ အကြောင်း ကြီးငယ် မရှိဘဲ ဒီဝိုင်း ထဲကို မလာကြတော့ ပိုပြီး သီးသန့်ဆန်လွန်းလှသည်။
အခုတော့ သူ လူတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်တော့မည်၊။
ရပ်အကြောင်း ရွာအကြောင်း
ရပ်အခြေအနေ ရွာအခြေအနေ ကြားရတော့မည်
သိရတော့မည်။
YOU ARE READING
ငွေနှင်းငယ်မှုန်
Fanfictionအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။