အခန်း ၆

284 16 1
                                    


ပွဲရုံက​တော်​ ကြီး​တော်​ သာ​ငွေက ည​နေဖက်​ ဘုရား လိုက်​ပို့မယ်​ ဆို​တော့ ငယ်​နှင်း ​ရေမိုးချိုး ပြင်​ဆင်​​နေလိုက်​သည်​။
နံသာ​ရောင်​ လည်​ကတုံး​လေးကို ပိုးအဝါ​ဖောက်​ ဘန်​​ကောက်​ လုံချည်​​လေးနဲ့ တွဲ ဝတ်​လိုက်​​တော့
ငယ်​နှင်း ပုံစံက ​ကောလိပ်​​ကျောင်းသား ​ပေါက်​စ ပုံစံ​ပေါက်​​နေသည်​။
တစ်​ခုဘဲ ရှိသည်​ ကိုရဲ့ ဆံပင်​ ပုံစံက ဘို​ကေ မဟုတ်​ဘဲ
နဖူး​ပေါ် ခပ်​ဝဲဝဲ ကျ​နေသည်​က အမှတ်​တမဲ့ ကြည့်​ရင်
ဆံပင်​တိုတို ညှပ်​ထားတဲ့ မိန်းက​လေးနဲ့ တူလှသည်​။
တစ်​ခါတစ်​​လေ ငယ်​နှင်းမကြိုက်​​ပေ။
ယောကျာ်း နဲ့ဘဲ တူချင်​သည်​။
အခုဟာက မျက်​နှာတင်​မက အသားအ​ရေ ကပါ မြို့သူ​တွေလို ဖြူဖြူ​ဖွေး​ဖွေး မဟုတ်​​ပေမယ့်
ဝါ​ရွှေ​ နို့ နှစ်​​ရောင်​​လေး ဖြစ်​​နေ​တော့...

"ငယ်​​ရေ....သွား​အောင်​​ဟေ့......"့
ဆိုတဲ့ ကြီး​တော်​ သာ​ငွေ အသံ ကြားမှ အိမ်​​အောက်​ ဆင်း လိုက်​သည်​။

ကောင်းမြတ်​ တစ်​​ယောက်​ အိမ်​​ပေါ်က ဆင်းလာတဲ့ ​ကောင်​​လေးကို ​ငေးကြည့်​​နေလိုက်​သည်​။
စော​စောက အမှတ်​တမဲ့ ကြည့်​လို့ထင်​တယ်​ မိန်းက​လေး လို့ ထင်​မိသည်​။
သေချာကြည့်​မှ က​လေး မျက်​နှာနှင့်​ ​ကောင်​​ချော​လေး မှန်းသိသည်​။
.နံ့သာ​ရောင်​ လည်​ကတုံး​လေးက ဝါဝင်းတဲ့ အသားအ​ရေနဲ့ လိုက်​ဖက်​စွာ ခန္ဓာ ကိုယ်​​ပေါ်မှာ ချပ်​ချပ်​ရပ်​ရပ်​။
ဆံပင်​ အုပ်​အုပ်​ ဝဲဝဲ ​လေးက လညိး တစ်​မျိုး ကြည့်​​ကောင်းလှသည်​။

"ဒိတ်​....."ဘုရား​ရေ သူရင်​ခုန်​​နေပါလား...

"ငယ်​နှင်း​ရေ....ဒါက ကြီး​တော်​ရဲ့တူ ​ကောလိပ်​​ကျောင်းသား ​မောင်​​ကောင်းမြတ်​တဲ့ ငါ့တူရဲ့.."

ကြီး​တော်​ရဲ့ မိတ်​ဆက်​​ပေးမှု့​ကြောင့်​ ထိုသူကို ​မော့ အကြည့်
"ဒိတ်​......အိုး..."

နှစ်​ဦးသား မျက်​လုံး ဆုံခိုက်​ ဘဝဘဝက ပါရမီ အထုံ ​ရေစက်​​ကြောင့်​ထင်​ စိတ်​ထဲ နှလုံးထဲမှာ ​အေးချမ်း တုနှ်လှုပ်​ပြီး ရှိန်​တိန်း ဖိန်းတိန်း ဖြစ်​ကုန်​သည်​။ဘဝဘဝက အချစ်​ပန္နက်​ ထကြွ နိုးလာဟန်​တူသည်​။နှစ်​ဦးသား အကြည့်​မှာ ​မျော​နေကြ​တော့သည်​။
ကာလကြာ ​ဝေးကွာတဲ့ လူနှစ်​​ယောက်​ ပြန်​ဆုံ ​တွေ့ကြသလို ​ကောင်းမြတ်​က လည်း အကြည့်​မလွှဲ ချစ်​ရည်​ ရွှန်းတဲ့ မျက်​ဝန်း​တွေနဲ့ ကြည့်​​နေသလို

ငွေနှင်းငယ်​မှုန်​Where stories live. Discover now