"..ကဲ...ဦးမင်းလူ..ကျုပ်ကတော့...ရှည်ရှည်ဝေးဝေး သွယ်သွယ်ဝိုက်ဝိုက် ပြောမနေချင်ဘူး.....ခင်ဗျားလည်း..မအား
ကျုပ်လည်း...မအား ဆိုတော့...ရှေ့မျက်နှာ နောက်ထားပြီးပွင့်ပွင့်လင်းလင်း နဲ့ ဒဲ့ဒိုးပဲ ပြောတော့မယ်...."".......ရပါတယ်..အစ်ကို မြတိ...ပြောသာပြော...ခင်ဗျား..က ကျွန်တော် တို့ မိသားစုရဲ့ ကျေးဇူးရှင်ပဲ...."
"...ဟုတ်ပြီ...ဒါဆို...ကျွန်တော့်သားနဲ့ ခင်ဗျားသားနဲ့ နေရာ ချထားချင်လို့...."
"....ဗျာ...."
"...ရှင်...."
ဦးမင်းလူကော...ဒေါ်ခင်မျိုး...ပါ ဦးမြတ်ခိုင် စကားကြောင့် မျက်လုံးပြူးကာ အံသြကုန်သည် ။"....ဟို....အစ်ကိုကြီး...ကျွန်တော်တို့ နားကြားများ မှားနေရော့လား...."
"...မမှား ပါဘူး...မမှားပါဘူး...ခင်ဗျားသားနဲ့ ကျုပ်သား..နေရာချထားပေးဖို့ တောင်းဆိုတာပါ...."
"...အစ်ကိုကြီးရာ....ဖြစ်ပါ့မလား...ယောကျာ်းလေးခြင်း...."
ဦးမင်းလူ...အံ့သြမှုနှင့် ပြောနေကာ..ဒေါ်ခင်မျိုးကတော့...
နားမလည်နိုငိသော မျက်ဝန်းများနှင့်ကြည့်နေသည် ။
ဒီလူကြီး...ထူးဆန်းတာကို သိသည်...ဒါပေမယ့် ဒီကိစ္စကို တော့ မယုံကြည်နိုင် ။ဦးမြတ်ခိုင်ကတော့...အံသြနေတဲ့ လင်မယားနှစ်ယောက်ကို ကြည့်ရင်း ပြုံးရုံသာ ပြုံးနေလိုက်သည် ။ သူတို့မှာ အံသြနေမှာပေါ့..။ ဘယ်မိဘကများ...ကိုယ့်သား သမီးကို..
ယောကျာ်းချင်း...ပေးစားမှာလည်း..။ပြီးတော့..သူတို့ မြန်မာ ပြည် အသိုင်းအဝိုင်း ဆို ပိုတောင်ဆိုးသေး ။
လိင်သူချစ်သူတွေကို စိတ်ဝေဒနာရှင် သည်လိုလို ၊ ရာဇတ်မှု ကျူးလွန်ထားတဲ် အပြစ်သားတွေ လို လို ၊ဘာသာ သာသနာကို စော်ကားနေတဲ့ လူလို လို သတ်မှတ်ပြီး...မတူ သလို မတန်သလို သတ်မှတ် ပြီး..ဆက်ဆံကြ ကဲ့ရဲ့ကျ ရှုတ်ချကြသည် မဟုတ်လား..။
ဒါပေမယ့်သူ ကိုယ်တိုင်ကလည်း.....ထူးထူးဆန်းဆန်း လုပ်ရတာ ဝါသနာ ပါတာကြောင့်ကော ၊ သားတစ်ယောက်နဲ့ ပစ်သွားရစ်တဲ် မိန်းမအပေါ် စိတ်နာ တာ ကြောငိ့ကော ၊ သားရဲ့ ဆိုးသွမ်းမှု ဒဏ်ကို ခံနိုင်ပြီး...သားကို ပြုပြင် ပေးနိုင်မယ့် လူက..အမျိုးသမီး ဖြစ်ဖို ခဲ ယဉ်းတာကြောငိ့ကော..သေချာ ဆုံးဖြစ်ပြီးမှ အခုလို စီစဥိ ခဲ့ခြင်း ဖြစ်သည် ။
YOU ARE READING
ငွေနှင်းငယ်မှုန်
Fanfictionအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။