အပိုင်း၁(အခန်း ၁၁)[Season2]

306 18 3
                                    

2017,December 5

Fb​ပေါ်က ပုံ​လေး​တွေ ကို like လုပ်​ရင်း....တီးန်​....ဆိုပြီး
ဝင်​လာတဲ့ message ကို ဖတ်​လိုက်​​တော့...သူငယ်​ချင်း...ခန့်​မင်း​မောင်​ ဆီက ဖြစ်​​နေသည်​...။
"Fa ကြီး...အားကျ ဆိုတဲ့..."
စာနဲ့ အတူ သူနဲ့...သူ​ကောင်​​လေး...နှစ်​​ယောက်​သား...ပုံ​လေး​တွေ ပို့​နေသည်​ ။

နှစ်​​ယောက်​လုံးက မန်​​လေး သား​တွေဆို​တော့...
"...အသား​တော်​ ညိုပြာညက်​ကယ်​ နန်း​တော်​ထက်​ ဖွားဆိုတဲ့..."
ဆိုတဲ့ အတိုင်းဘဲ ညိုညက်​ညက်​နဲ့ ဝင်းဝင်းစက်​စက်​ လှ​နေကြသည်​ ။
အေး​လေ...မန္တလာ သား​တွေကို ​ချောမှာ​ပေါ့..။
သူငယ်​ချင်း ခန့်​မင်း​မောင်​က ချစ်​စရာ ​ကောင်း​နေသလို...
သူ​ကောင်​​လေးကလည်း..​ယောကျာ်းပီပီသသ ​ထောင်​​ထောင်​​မောင်း​မောင်းနဲ့...ကြည့်​​ကောင်းလှသည်​ ။
အ​တော်​လိုက်​တဲ့ အတွဲ ဆိုပြီး...ငယ်​နှင်း..စိတ်​ထဲက မှတ်​ချက်​​ပေး လိုက်​သည်​ ။

အမှန်​​တော့...ခန့်​မင်း​မောင်​နဲ့ ငယ်​နှင်း နဲ့က ငယ်​သူငယ်​ချင်း မဟုတ်​သလို....uni မှာ​တွေ့လို့ ခင်​တဲ့ သူငယ်​ချင်းလည်း မဟုတ်​ပါဘူး...။
လိုင်း​ပေါ်မှာဘဲ ဒီတိုင်း​တွေ့ စကား​တွေ​ပြောဖြစ်​ပြီးခင်​ကြတာပါ...။
သူ​ကော ကိုယ်​​ကော....က အုကဲ ဆို​တော့..​သွေး​သောက်​ဖွဲ့စရာ မလို...ဂိုဏ်း တူ ညီအစ်​ကိုမှန်းသိ​တော့....တစ်​​ယောက်​ကို တစ်​​ယောက်​ ခင်​မင်​သွားကြတာ ငယ်​​ပေါင်းကြီး​ဖော်​ အတိုင်းပဲ..။

အခုလည်း...သူ​ကောင်​​လေး..ရ​တော့ ငယ်​နှင်းကို ပုံ​တွေပို့ စာ​တွေ ပို့ပြီး ကြွား​နေသည်​ ။

"....ငယ်​နှင်း...ငါက ရှိပြီ​နော်​...နင်​ရှိ​အောင်​ လုပ်​အုံး...."

"...ငါက ဘာရှိ​အောင်​လုပ်​ရမှာလဲ...."

"....အမယ်​...မသိခြင်​​ထောင်​ ​ထောင်​မ​နေနဲ့......"

"...ဘုရားစူး...ဘာခြင်​​ထောင်​မှ မ​ထောင်​ပါဘူး...."

"....ထားပါ​တော့....ငါ့အားမကျဘူးလား..."

"....မကျပါဘူး....ငါက တစ်​​ယောက်​ထဲလည်း...​နေတတ်​တယ်​..."
ပြောသာ ​ပြောရ​ပေမယ့်​ ငယ်​နှင်း...ကိုယ့်​စိတ်​ကို အသိဆုံး...။
တစ်​​ယောက်​ထဲ ​နေရတာကို မမုန်း​ပေမယ့်​...တစ်​ခါတစ်​​လေ​တော့လည်း...အပျင်းသား....။သူများအတွဲ​တွေ မြင်​တိုင်း...အားကျလိုကိတာဆိုပြီး...​ငေးရတာလည်း..အကြိမ်​ကြိမ်​....။ငါမှာလည်း...ချစ်​ရမယ့်​ သူ​လေး ရှိချင်​လိုက်​တာလို့ စိတ်​ကစား..မိတာလည်း...ခဏခဏ ​ပေါ့...။
အေး​လေ...ဒီအရွယ်​ဆိုတာ စိတ်​ကစားတဲ့...အရွယ်​မို့လား....။
ဒါ​ပေမယ့်​ အခုအချိန်​ထိ​တော့...ချစ်​ရမယ့်​သူ မရှိတာ​ကော..ကိုယ့်​ကို ချစ်​တဲ့သူ မရှိတာေ​ကြာင့်​​ကော....အခုအထိ တစ်​​ယောက်​ထဲ ​ငေါင်​စင်းစင်းဘဲ...။
တစ်​ကိုယ်​​တော်​...fighter​ပေါ့...ကိုယ့်​အ​ကြောင်းကို ​တွေးရင်း...ငယ်​နှင်း...ပြုံးရပြန်​သည်​...။

ငွေနှင်းငယ်​မှုန်​Where stories live. Discover now