အခန်း ၆ (အပိုင်း ၁၆)

285 23 7
                                    


🏰🏰🏯🕌🕍🕍🚲🚲🚲

နီညိုညို အုတ်​ရိုးနဲ့...မြို့ရိုး ကြီးက...ခံညား​ထည်​ဝါနေသည်​ ။
ခေတ်​ အဆက်​ဆက်​ကို ဖြတ်​သန်းခဲ့ရ​ပေမယ့်​ ခန့်​ခန့်​ညာညား ထည်​ထည်​ဝါဝါ နဲ့ အိ​နြေ္ဒသိက္ခာ ကြီး မားစွာ ရပ်​တည်​​နေသည်​ ။
တစ်​ချိန်​က မြန်​မာတို့ရဲ့ ခမ်းနားတဲ့ အနုပညာ လက်​ရာ တစ်​ခုကို လှစ်​ဟ ပြသလို ဂုဏ်​ယူဝင့်​ကြွားစွာဖြင့်​  တိုက်​တာ အ​ဆောက်​အအုံ ​တွေကြား..တစ်​ထီးတစ်​နန်း ရပ်​တည်​​နေသည်​ ။
ကမ္ဘာမှာ မြန်​မာ​ဟေ့...ဆိုပြီး...မ​ပျောက်​ကွယ်​ သွားသ​ရွေ့..ကြံ. ကြံ့. ခံခံ တည်​ရှိမယ့်​ပုံ ။

မြို့ရိုး​ဘေးက ကျုံးကြီးက​တော့...​ငွေ​ရောင်​..​ရေပြင်​ကြီးနဲ့..တလက်​လက်​ ထ​နေသည်​ ။တစ်​ချိန်​က အဘယ်​မှ ကြီးကျယ်​ ခမ်းနား ခဲ့ပါလိမ့်​.....။
အခုချိန်​ထိ​တောင်​ ထည်​ဝါ ခန့်​ညား မှုက ယုတ်​​လျော့ မသွား....။
ကျုံး​ဘေးနားက အပင်​ ရိပ်​​တွေမှာ ငယ်​တို့ ခဏနားပြီး...ကျုံးနဲ့ မြို့ရိုး ​တွေကို ကြည့်​ပြီး...ဓာတ်​ပုံ ရိုက်​ကြသည်​ ။
ကျုံး​ရေပြင်​ကို ဖြတ်​တိုက်​လာတဲ့ ​လေ​အေး​အေး​ကြောင့်​...ငယ်​တို့ ​ချွေးသိပ်​ရ ပြန်​သည်​ ။ ​နေပူတာ မကြိုက်​​ပေမယ့်​...မန်​​လေး မြို့ကို ငယ်​ချစ်​သည်​ ။ မြန်​မာ ဆိုတဲ့...​သွေး​ကြောင့်​လား...၊ဒါမ မဟုတ်​..
သမိုင်း​ကြောင်းနဲ့...​ရှေး​ဟောင်း အနုပညာ လက်​ရာ .အ​ဆောက်​အဦး ​တွေ ​ကြောင့်​လား...ငယ်​​သေချာ မသိ​ပေ.....။
သို့​သော်​...မန်း​လေးကို ငယ်​ သ​ဘောကျ နှစ်​သစ်​ သည်​ဆိုတာက​တော့..​သေချာသည်​ ။

နေပူပူ ​အောက်​မှာ....ကျုံး​ရေပြင်​က တံလျှပ်​​တွေ ထ​နေသည်​ ။ မြို့ရိုး ကြီးက​တော့...လူ​တွေကို ငုံ့ကြည့်​​နေသ​ယောင်​ ထီးထီး...မားမား.....ကျုံး​ရေပြင်​.....အဆုံးမှာ...စိမ်းညို့ညှို့...မန်း​လေး​တောင်​....။ မြင်​ကွင်း​တွေက ရီ​ဝေ​ဝေ ဖြစ်​​နေကာ...ငယိ့စိတ်​ထဲ... သမိုင်း​ကြောင်းပုံရိပ်​​တွေက ​ပေါ်လာသည်​...

"....အုစ်​ကျစ်​​ကျော်​​အေး...မန္တ​လေး...ဆိုပြီး...အတိတ်​ ယူကာ....
မင်းတုန်းမင်းကြီး...တည်​​ထောင်​ခဲ့တဲ့ မြို့...။ ကုန်း​ဘောင်​​ခေတ်​​နေ​နှောင်း ပိုင်းက အဓိက မင်း​နေပြည်​​တော်​...။မြန်​မာ ​တွေရဲ့...​နောက်​ဆုံး..မင်းဆက်​မြို့......။သာယာ ငြိမ့်​​ညောင်း မှု​တွေ ရှိခဲ့လို...မာန​တွေ ၊အာဎဒ​တွေ ၊ အမုန်းတရား​တွေ ၊အာဏာ​တွေ​ကြောင့်​...​သွေး​ချောင်း စီးမှု​တွေလည်း..ရှိခဲ့တယ်​...။ဘုန်းရှိန်​ဝါ...ထွန်း​တောက်​ခဲ့သလို....သူတစ်​ပါးလက်​​အောကိလည်း...ကျ​ရောက်​ခဲ့တယ်​ မဟုတ်​လား...။
မြို့ရိုး ကြီးက​တော့...သူ့မျက်​စိ​ရှေ့မှာ ဖြစ်​ပွားခဲ့တဲ့...မမြဲ ခြင်း သ​ဘောတရား​တွေ​ကြောင့်​...ရင်​ကျက်​​နေသ​ယောင်​...။
အေး​လေ...တစ်​ချိန်​က ​လှေ ပြိုင်​ပွဲ​တွေ ငြိမ့်​ငြိမ့်​သဲ ကျင်းပခဲ့တဲ့..ကျုံးကြီး​တောင်​..်​ခြောက်​​ကပ်​ကပ်​ မဟုတ်​လား...။

ငွေနှင်းငယ်​မှုန်​Where stories live. Discover now