အခန်း ၄ (အပိုင်း ၁၄)

268 24 3
                                    


❄❄❄❄❄❄❄❄❄❄❄
မနက်​ခင်း.....တိတိကျကျ​ပြောရရင်​ မန်​​လေးမြို့ရဲ့...​ဆောင်းမနက်​ခင်း....။

နှင်း​တွေ တဖွဲဖွဲ ကျကာ...အရိုးခိုက်​​အောင်​ မ​အေး​ပေမယ့်​..
အ​တော်​အတန်​​တော့ ​အေးသည်​ ။
ရန်​ကုန်​ ​ဆောင်းနဲ့ ယှဉ်​ရင် ​မန်​​လေး​ဆောင်းက ​ဆောင်းပီသ သည်​ ။အေးသည်​ ။နှင်း​တွေ တဖွဲဖွဲ မကျ​ပေမယ့်​...မနက်​​စော​စောစီးစီးဆိုရင်​ မှိုင်း​တွေ ​ဝေ​နေတတ်​သည်​ ။
အခုလည်း...မနက်​၆နာရီ ဆို​ပေမယ့်​...မှိုင်း​လေး​တွေ ​ဝေနေတာကို...မှန်​ပြတင်း​ပေါက်​ က လှမ်းမြင်​​နေရသည်​ ။ ပြီး​တော့...နှင်းကျသံ တ​ဒေါက်​​ဒေါက်​...ဒီလို မြင်​ကွင်း..ဒီလို အသံ..ဒီလို ​အေးစိမ့်​မှု မျိုးဆိုတာ..ရန်​ကုန်​မှာ ရဖို့ ခဲယဉ်းသည်​ ​လေ။ ဒီ​တော့...ရတုန်း..အခွငိ့အ​ရေး.အပြည့်​ယူထားရမည်​..။
လူကနိုး​နေ​ပေမယ့်​...မထ​သေးဘဲ ​စောင်​ထဲ ​ကွေးကာ...မန်​​လေးရဲ့ မနက်​ခင်းကို ခံစား​နေလိုက်​သည်​ ။

အိမ်​​ရှေ့ လမ်းမဆီက ကားကြီး၊ကား​လေး ၊ကားလတ်​ ကား​ပေါင်းစုံရဲ့ အသံ ပြီး​တော့ ဆိုင်​ကယ်​သံ ။ ခပ်​ပြင်းပြင်းခပ်​မြန်​မြန်​ ​မောင်​သံ​တွေ​ကော..ခပိ​နှေး​နှေး...ပုံမန်​ ​မောင်းသံ​တွေ​ကော..​ရော​ထွေးဆူညံ​နေ​ပေမယ့်​..တစ်​မျိုး​တော့ နား​ထောင်​​ကောင်း​နေသည်​ ။ ဟုတ်​သည်​ သူသတိ ထားမိသ​လောက်​ မန်း​လေးက ဆိုင်​ကယ်​​ပေါသည်​ ။ အရွယ်​ငယ်​ငယ်​ က​လေး​ကျောင်းသားကစ..ဟိုးအသက်​ကြီးတဲ့ အဘိုးအဘွား အထိ ဆိုင်​ကယ်​စီးကြသည်​ ။ ရန်​ကုန်​က ကားမြို့ဆို..မန်း​လေးက ဆိုင်​ကယ်​ မြို့​ပေါ့...။ငယ်​နှင်းက​တော့..ရန်​ကုန်​သားပီပီ ဆိုင်​ကယ်​​မောင်းတတ်​ဖို့​နေ​နေသာသာ..သူများ​နောက်​ကစီးတာ​တောင်​ ​ကြောက်​သည်​ ။
မ​နေ့က ခန့်​မင်း​မောင်​နဲ့..သူငယ်​ချငိး နှစ်​​ယောက်​..​ဈေးသွားဝယ်​ကြတာ..ည​နေအချိန်​ဆို​တော့...ဆိုင်​ကယ်​​တွေ ကား​တွေက ညပ်​သပိ ​နေသည်​ ။ ဒီကြားထဲ ခနိ့မင်း​မောင်​..ရဲ့ ဆိုင်​ကယ်​ ​မောင်းပုံ မျိုးနဲ့...ငယ်​မှာ..အ​နောက်​ က​နေ ဘုရားတ​နေရသည်​ ။

ငွေနှင်းငယ်​မှုန်​Where stories live. Discover now