အခန်း ၅(အပိုင်း ၁၅)

205 18 6
                                    

မန်း​လေး​တောင်​​ပေါ် ​ရောက်​​တော့ ​နေလုံးကြီးပင်​ ပြူပြူကြီး ထွက်​​နေပြီ....။
လက်​က နာရီကြည့်​​တော့...၉နာရီအတိ...။
ခန့်​မင်းတို့ အတွဲက ​ရှေ့ကသွားတာဆို​တော့...ငယ်​နဲ့.ကို​ကောင်းမြတ်​နဲ့က အလိုလို အ​နောက်​က တစ်​တွဲ ဖြစ်​သွားသည်​ ။

"...မန်​​လေး​တောင်​ကို...ဘုရား ရှင်​လက်​ထက်​​တေိာက မဏ္ဍလ​တောင်​လို့ ​ခေါ်ကြတယ်​...​နောက်​ဘီလူးမ​တောင်​လို့လည်း ​ခေါ်ကြတယ်​...ပင်​လယ်​​ရေမျက်​နှာပြင်​ အထက်​ ၉၅၄ ​ပေမှာ ရှိတာ​လေ....."

ကို​ကောင်းမြတ်​ ကမန်း​လေး​တောင်​နဲ့ ပတ်​သက်​ပြီး ရှင်းပြ​တော့..
ငယ်​မှာ...နား​ထောင်​ပြီး...ဟို​ငေးဒီ​ငေး..ဖြစ်​​နေသည်​ ။
အရာရာတိုင်းက ကိုယ့်​အတွက်​ မမြင်​ဘူးတဲ့ ပတ်​ဝန်းကျင်​ ၊အ​နေအထား...မြင်​ကွင်း​တွေ ဖြစ်​​နေတာကို...။
စကားတ​ပြော​ပြော နဲ့..ဘုရား​တွေ လှည့်​ပတ်​ကြည့်​ကြသည်​ ။
ရှူခင်း​တွေက ထွက်​ခါစ ​နေ​ရောင်​​အောက်​မှာ လှပ​နေကြသည်​ ။
ခပ်​​ဝေး​ဝေးက စစ်​ကိုင်းမငိးဝံ​တောင်​ကြီး​တွေ ၊ စစ်​ကိုင်း​တောငိ​ပေါ်က မှုန်​ပြပြ ​စေတီ ပုထိုး​တွေ ပြီး​တော့...​ငွေ​ရောင်​လက်​​နေတဲ့....ဧရာဝတီ မြစ်​ကြီး....။မန္တ​လေး မြို့ကြီးက​တော့.....မန်း​တောင်​ရိပ်​ကို ခိုပြီး...စည်​ပင်​ဝ​ပြောသာယာ​နေသည်​ ။
နေ့တစ်​​နေ့ရဲ့...အစမှာ...လှပ​နေတဲ့ မန်​​လေး မြို့ ကြီး ကို ငယ်​ ဓာတ်​ပုံ ရိုက်​လိုက်​သည်​ ။
ဖြစ်​နိုင်​ရင်​....ဒီ​နေရာ​လေးမှာ ခဏ​လောက်​ ဖြစ်​ဖြစ်​ ​နေလိုက်​ချင်​​သေးသည်​ ။ဒါ​ပေမယ့်​..အချိန်​ကမရ...။

"....ငါက​တော့..ဟာ...ဒီ​က​နေ တောင်​ မပြန်​ချင်​​တော့ဘူး....
တကယ်​ပဲ သိလား....ထိုင်​ပြီး​တော့ဘဲ....ဟို​ငေး ဒီ​ငေးနဲ့..
မန်း​လေးရဲ့ အလှကို ​နေတိုင်းထိုင်​ကြည့်​ချင်​​နေတာပဲ....."

ငယ်​က​ပြော​တော့...ခန့်​မင်းက

"....မလုပ်​ပါနဲ့ ကိုယ်​​တော်​​ချောရယ်​.....အချိန်​က မရဘူး..အခု​တောင်​ ​နေက ပူလာပြီ..
မန်း​လေးကို အဲ့​လောက်​ချစ်​​နေရင်​လည်း...မန်း​လေးသားနဲ့သာ..
ဖူးစာ ပါ​အောင်​ ဆု​တောင်း​တော့...."

ငွေနှင်းငယ်​မှုန်​Where stories live. Discover now