ဧည့်ခန်း မှာ ခေါင်းလေး ငုံ့ပြီး ခေါက်တုန့်ခေါက်ပြန် လျောက်နေတဲ့ အဖြူရောင် အရိပ်လေးကို ကြည့်ပြီး...
သက်နှင်း..ကျေနပ်သွားသည်။တော်တော်လေး စိတ်လှုပ်ရှားနေတယ် ထင်တယ် လက်ကို ဆုပ်လိုက် ဖြန့်လိုက် ပါးစပ်နဲ့ ကိုက်လိုက်နဲ့ ဂနာ မငြိမ် ဖြစ်နေသည်။
သက်နှင်းကတော့ ကျေနပ်တဲ့ အပြုံးနဲ့ ပျော်နေသည်...။
"ထိုင်လေ...ငယ်လေး..."
"ဟင်...."
ကိုယ့်ကို အနောက်ကနေ ငယ်လေး လို့ ခေါ်တဲ့ အသံ ကြားတော့ လန့်သွားသည်။
ဟင်....ဟို အရေးပိုင်မင်း ဆိုတဲ့ လူပါလား..."ထိုင်လေ...."
ကိုယ့်ကို ကြောင်ကြည့်နေတဲ့ ကောင်လေး ကို သက်နှင်း ထိုင်ခိုင်းလိုက်သည်။
"ကဲ.....အေးအေးဆေးဆေး စကားပြောကြတာပေါ့ကွာ...ကော်ဖီကော သောက်ပါအုံး..အေးကုန်တော့မယ်..."
"ဟို...လေ...အစ်ကို့ကို တွေ့လို့ မရဘူးလား....ဟင်...အစ်ကို့ကို တကယ်ကြီး သတ်မှာလား..."
အစ်ကို့ကို စိတ်ပူနေတဲ့ ကောငိလေးကို ကြည့်ပြီး သူ့အစိကိုကို သက်နှင်းမနာလို ချင်ဖြစ်သွားသည်။
အခုအချိန်မှာ စိတ်ပူရမှာက ကိုယ့်ဘာသာကိုယ်ဘဲ လို့ စိတ်ထဲ ကနေ ကြိတ်ပြောနေလိုက်သည်။"အရာရှိမင်း...ကျွန်တော့် အစ်ကိုကို တွေ့လို့ ရပြီမို့လား ဟင်..."
ကိုမေးတာတွေ တစ်ခုမှ မဖြေဘဲ ကိုယ့်ကို စားတော့ ဝါးတော့ မတတ် ကြည့်နေတဲ့ ထိုလူကို ငယ်နှင်းမနှစ်သက်ပေမယ့်
အခု ကိုယ့်အစ်ကို ဘဝက သူ့လက်ထဲက ရေလေ...သည်းခံ ရမှာပေါ့...။"ဟို....အရာရှိမင်း.... "
"Okလေ...လာ ကိုယ့်နောက် လိုက်ခဲ့..."
"ဟုတ်ကဲ့ဗျ........"
အခန်းတစ်ခု ရှေ့အရောက်..
YOU ARE READING
ငွေနှင်းငယ်မှုန်
Fanfictionအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။