"..ချစ်စရာလေး တွေ....."
"...ငါတို့ အစစ်မတွေတော့..သွားပါပြီ....."
"....လက်မခံဘူးဆိုပေမယ့်....ဒီအတွဲလေး ကို တော့...သဘောကျတယ် ......"
စာသားလေးတွေနဲ့...shareထားတဲ့ ပိုစ့်ကို မြင်တော့...သက်နှင်းတစ်ယောက် မျက်မှောင်ကျုတ်ကာ...မျက်လုံးတွေ စူးရဲရဲ ဖြစ်သွားသည် ။
ကျော်သွား သလို ဖြစ်နေတဲ့..post ကို..သေချာ မြင်အောင်
ဖုန်း screen ကို လက်နဲ့ ထိကာ အောက်ကို ဆွဲချလိုက်သည် ။
ပြီးတော့..ပုံလေးတွေကို..သေချာ မြင်အောင်...
တစ်ပုံချင်းထောက်ကြည့်သည် ၊ ချဲ့ ကြည့် ကျုံ့ ကြည့်သည် ။
ဟုတ်တယ် မမှားနိုငိ ငယ်နှင်း မှ ငယ်နှင်း အစစ် ။
ဒါပေမယ့်... နေရာ တွေ ကြည့်လိုက်တော့...မန်လေးမှာ ဖြစ်နေသည် ။ငယ်နှင်းက...ရန်ကုန်မှာ...မဟုတ်လား....။ရန်ကုန် မန်လေး ဆိုတာက တစ်ညတာ ခရီး ပင်....။ညသွား မနက်ရောက်.....။ပြီးတော့ သူ နဲ့ ငယိနှင်း..မတွေ့တာတောင် ၄ ၅ ရက်တော့ ရှိတော့မည် ။
ဒီရက်တွေ အတွင်း...သွားနိုင်သည် ။ဟိုလိုတွေ ဒီလိုတွေး..အမျိုးမျိုးတွေးပြီး..postက ဓာတ်ပုံတွေကို..မျက်လုံးတွေ မှေးကာ..စူးစိုက်ကြည့်သည် ။
ဟုတ်သည် သူ...မမှားနိုင်..
..။ကြည်လဲ့နေတဲ့ မျက်ဝန်းတောက်တောက်လေးတွေ..
တစ်ဖက်လူကိုပါ...စိတ်ချမ်းသာစေတဲ့..အပြုံးချိုချို လေးတွေ...
ဝိုင်းချင် သလို ဖြစ်နေတဲ့..မျက်နှာ ပုံစံလေးတွေ..
ငယ်နှင်းမှ ငယ်နှင်း..အစစ် ။ပုံတွေက post အမျိုးမျိုး...နေရာအမျိုးမျိုး ဖြစ်သည် ။
ပုံတွေကြည့်ရသလောက်...ငယ်နှင်း တို့က...တမင် ပိုစိ့ပေးတာ မဟုတ်ပဲနဲ့....အမှတ်တမဲ့ ရိုက်ထားတဲ့ ပုံတွေ ထငိတယ် ။ဒါပေမယ့်ပုံတွေက အသက်ဝင်လွန်းလှသည် ။
သနပ်ခါး လေးနဲ့ လှနေတဲ့..ငယိနှင်း က ဘေးနားကလူကို..နှစ်လို ဖွယ်ပြုံးပြီး...မော့ကြည့်သလို...တစ်ဖက်အရပ်ရှည်ရှည် အညာညို ညို ယောကျာ်း ပီပီ သသ ခန့်ချောချောနဲ့ လူကလည်း....ကြည်နူးရိပ်တွေ သန်းနေတဲ့ မျက်လုံးတွေနဲ့ ငုံ့ကြည့်ကာ...အရှေ့ကို လက်ညှိုးထိုးထားသည် ။တစ်ခုခုကို ပြောနေပုံ...။
YOU ARE READING
ငွေနှင်းငယ်မှုန်
Fanfictionအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။