"......ဟားဟား.... ဟား.....ဒါဆို....မင်းက ယောကျာ်းချင်းလက်ထပ်မှာပေါ့.....""...ကျွတ်...အဲ့ဒီမေးခွန်းကို ခဏခဏ ထပ်မမေးနဲ့ နားငြီးတယ် ........."
".....ဟာ.....သက်နှင်း....ဒါဆို....ဟိုကောင်ကျော်မင်း ပြောတာ တကယ်ပြီးပေါ့......."
"....ကျွတ်......."
သူငယ်ချင်း တွေ ဝိုင်းပြီး...မေးကာ...ရယ်မော လှောင်ပြောင် တော့...သက်နှင်း စိတ်တွေတိုကာ..စိတ်တွေပင် ရှုပ်လာသည် ။တောက် မပြောပဲ နေရမှာ...အဲ့ဒီ ကောင်တွေကို.....။
"....မငိးကလဲ ကွာ...ငြင်းလိုက်ရင် ပြီးရော....."
"....ဟ.....မိဘက စီစဉ်တာပဲ ဘာငြင်းနေရအုံးမှာလဲ....ဒီတစ်ခါ တော့..ငါ လိမ္မာ လိုက်အုံးမယ်......."
သက်နှင်း...အဖြေစကားကြောင့်...ကျော်မင်းတို့ တစ်တွေ ငြိမ်ကျသွားသည် ။ဒီကောင် အကျွတ်တရား ရသွားပြီလား မသိ ။ဘာပဲ ပြောပြော မိဘအပေါ် သိတတ်လာတာတော့ ဝမ်းသာရမယ့်ကိစ္စတစ်ခုပင် ။
သက်နှင်းကတော့...ကိုယ့်အတွေးနဲ့ကို...။အဖေတို့ကတော့ လုပ်လိုက်ရင် အဆန်းကြီးပဲ ။ဘယ်မိဘမှ မစီစဉ်တဲ့ အစီအစဉ် တွေကို ရေးဆွဲ အကောင်အထည် ဖော်နေသည် မဟုတ်လား...။
သက်နှင်းက အကြောက်အကန် ငြင်းတော့...သက်နှင်းကိုတောင်
ဆုံးမနေသည် ။"....သားရယ်...လက်ထပ်ထိမ်းမြား တယ်ဆိုတာ...တစ်ယောက်နဲ့ တစ်ယောက် တစ်ဘဝလုံးစာ ရည်ရွယ် ပြီး..ကူညီဖို့ ၊စောင့်ရှောက်ဖို့ ၊ဖေးမဖို့ ၊ အပြန်အလှန် လိုတာ ဖြည့်ဆည်း ပေးဖို့ ၊ ပြီးတော့..မေတ္တာ ထားဖို့...ဒါတွေ နဲ့ ပတ်သက်ပြီး. နှစ်ယောက် ဂတိ သစ္စာ ပြုလိုက်တာပါပဲ သားရာ
ယောက်ျား နဲ့ မိနိးမဆိုပြီး ခွဲခြားပြီး ကုတင်ပေါ်က ကိစ္စ တွေ တန်းတွေးရင်တော့....အဲ့ဒီ ကိစ္စ အတွက်တဲ့ လူဝယ်လိုက်တာနဲ် တူနေပြီ ဘယ်မှာလဲ မေတ္တာ ၊ဘယ်မှာလဲ သစ္စာ ၊ဒါကြောင့် နောက်မီးလင်းတာတွေ ၊မျောက်မထားတာတွေ ပေါ်လာတာပေါ့ ၊ပြီးတော့ သူဌေးတွေဆို...စပွန်ဆာတွေ ထားကြတယ် ၊နောက် KTVတွေ မာဆပ်တွေသွား...ဖြစ်ချင်တိုင်းဖြစ် ကဲ ဒါဆို
် ဘယ်လို လုပ်မလဲ.....ယောကျာ်းနဲ့ မိန်းမက မှ အဆင်ပြေတယ်ဆို ဘာလို့ ဒါတွေပေါ်လာသလဲ...အရေးကြီးတာက လူ့စိတ်ပါ သားရယ်..အဓိကက အဓိကပါ လို့ ဘယ်လို ပဲ ပြောပါစေ...သားတောင်ဒီအရွယ်ထိ တစ်ာက်ထဲ အဆင်ပြေတာဘဲ မဟုတ်လား....ဒီတော့...အဲ့ကိစ္စတွေ မစဉ်းစားပဲ..ကိုယ်နဲ့ ဘဝ တစ်သက်တာလုံး...အတူ ရှိနေမယ့် ဘဝလက်တွဲဖော်လို့ ပဲ တွေးစေချင်တယ်......နောက်ဆုံး...အနေနဲ့ပြောချင်တာက အဖေ့ ကိုယ်လည်း...နည်းနည်း သနားပါအုံး သားရယ်.. အရင်က အဖေ့ စကားကို သားနားမထောင်ခဲ့တာ အပြစ်မမြင်ဘူး...ဒါပေမယ့် .ဒီတစ်ခါ လောက်တော့.. နားထောင်ပေးပါ...အဖေ တောင်းဆိုတာပါ....."
YOU ARE READING
ငွေနှင်းငယ်မှုန်
Fanfictionအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။