အခန်း ၅

289 14 2
                                    

"ညချမ့်းရယ်​ နေရီ၊ ခါတော်​မှီ ကေသီပန်းနဲ့ ၊ ရေခပ်းလမ့်းမှာ စခန့်းသငံ့်​လို့၊ ထက်​ဆင့်​ရယ်​နီရောင်​၊ ခ်ျညးစိမ်းပေါင်​နှင့်​ ယဉ်​အောင်​တောသူ၊ သနပ့်း ခါးကွက်းပါ့မှာ ကူလို့ အပူကြီ့ခန်းစုံငယ်​၊ဘယ်​မြို့သူသာချင်​ဇောရယ်​လို့ ပြောကြတယ်​လေး......"

ဆည်းဆာ ​နေ​ရောင်​က လိ​မ္မော်​ ​ရောင်​​ဖျော့​ဖျော့ နဲ့ ကြည့်​​ကောင်း လှသညိ။
မိုးကုတ်​စက်​ဝိုင်း ကြီးရဲ့ ​အောက်​ဆုံး နားမှာ​တော့ အမည်း ​ရောင်​ မျည်း ​ကြောင်း ရှိ​နေပြီး...
အနားသတ်​ ​ရွှေအို ​ရောင်​​တွေနဲ့ ကြည့်​​ကောင်း လှသည်​။

ဒီ​နေ့က ရာသီဥတု သာယာတာ ​ကြောင့်​​ကော ​ခြေခင်း လက်​ခင်း သာတာ ​ကော​ကြောင့်​ငယ်​နှင်း ရွာ ပြင်​ ဘုရားဖက်​ ထွက်​ခဲ့ လိုက်​သည်​။

ရွာလမ်းက မလာဘဲ ရွာ​ခြေလမ်း က​နေဘဲ ပတ်​ထွက်​ခဲ့သည်​။

အပြင်​မထွက်​တာ ​ကြောင့်​လား မသိ ပတ်​ဝန်းကျင်​ က စိမ်း သက်​​နေသ​ယောင်​။
ဖြတ်​တိုကိလာတဲ့ ကွင်း ​လေ ​အေး​အေး ကို အားရပါးရ ရှူ ရှိုက်​လိုက်​​တော့ ရင်​ထဲ က အပူ တစ်​ဝက်​ငြိမ်း သွားသည်​။

ခေတ်​ အ​ခြေအ​နေက မ​ကောင်း​တော့​ပေ။အစ်​ကို လည်း ဘယ်​​ရောက်​​နေမှန်း မသိ စာမလာ သတင်းမကြား။

အခုတစ်​​လော အ​ဖေ့ ကျန်း မာ​ရေး ကလည်း ​ဖောက်​ချင်​ချင်
ဒီကြားထဲ ရာသီဥတု မ​ကောင်း ​တော့ ပိုပြီး ကျပ်​တည်းကြသည်​။.
သက်​နှင်း တို့က​တော့ ​ချောင်း ပိုင်​ လယ်​ပိုင်​ ယာပိုင်​ ဆို​တော့ ကိစ္စမရှိ​ပေမယ့်
မရှိရှာသူ​တွေမှာ ကျပ်​တည်း လွန်း လှသည်​။
ထမင်း ပင်​ မစားနိုင်​ကြ။
သုံးလွန်းတင်​ ဆန်​ကို စား​နေကြတယ်​လို့ ​ပြောတယ်​။
ဖြစ်​နိုင်​ရင်​ ဒီဒုက္ခ​တွေကို ငြိမ်း​အေး ချင်​လှပြီ။

ဒီကြားထဲ အခွန်​အခ ဆိုတာ ခဏခဏ ။
ဟိုတစ်​​လောက​တော့ ချစ်​တီး ဆိုလား အသားမည်းမည်း ကုလားတစ်​​ယောက်​ လာပြီး ​ငွေ​တွေ​ချေး​ပေး သွားတယ်​တဲ့။

ငွေနှင်းငယ်​မှုန်​Where stories live. Discover now