မချစ်သော သူနဲ့ အတူနေရသော ဒုက္ခ
ချစ်သောသူနဲ့ ကွေကွင်းရသော ဒုက္ခ(ဓမ္မ စကြာ သုတ်)
နေရောင်ခြည် နွေးနွေးက ပါးပေါ် ကျလာတော့ မိုးလင်းမှ န်း သိလိုက်သည်။
ဒီနေ့ နဲ့ဆို ငယ်နှင်း ဒီအိမ်ကို ရောက်တာ၃ရက်ရှိတော့မည်..။
အမေတို့ အဖေတို့ကော ကျန်းမာကြရဲ့လား...ငယ်နှင်းအတွက် စိတ်များ ပူနေမလား...။
အစိကို ကောင်းမြတ်ကကော သတိမှ ရပါလေစ ။
ချစ်ရတဲ့ သူတွေအကြောင်း စဉ်းစားတော့ ဝမ်းနည်း တဲ့စိတ် သတိရတဲ့ စိတ်နဲ့ မျက်ရည်က ကျလာသည်။
ဒီငရဲ ခန်း ကနေ လွှတ်မြောက်ချင်လှပြီ ။
နေ့တိုင်း သူ့ရဲ့ အရိုင်းဆန်တဲ့ အနိုင်ကျငိ့မှု သိမ်းပိုက်မှု အောက်ကနေ လွတ်မြောက်ချင် လှပြီ...။
တစ်ညလုံး နီးပါး...သူပြု သမျှနုထား ခံရတော့ တစ်ကိုယ်လုံး ကိုက်ခဲနေသည် ။
အထူး သဖြင့် ခါးအောက်ပိုင်းက တစစ်စစ် နာနေသည်။
အစားကလည်း မစားတော့ အားက မရှိ ဘဲ ခေါင်းက ချာချာလည်နေသည်။အင်္ကျီ အဝတ်စားကို ရှိသမျှ အားနဲ့ ကြည့်ကောင်းအောင် ပြုပြင်ပြီး...မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။
ပြတငိး ပေါက် သံတိုင်ကို လှမ်းကိုင် မတ်တပ်ရပ်တော့ စိမ်းညှို့ညှို့ တောအုပ်ကို တွေ့ရသည်။"တောက်...အခုလည်း...မစားဘူးလား..."
"ဟုတ်ကဲ့ ဆရာ..."
"တောက်...ဒင်းလေးက ငါ့ဒေါသကို စွနေတာ...ပေး..ငါ့ကို အဲ့ ပန်းကန်.. မင့်သွားတော့..."
"ဟုတ်ကဲ့ ဆရာ..."
အပြင်က စကားသံတွေ ဥပေက္ခာ ပြုရင်း ငယ်နှငိး
ကိုယ့်ဘဝကိုယ် တွေးရင်း ဝမ်းနည်းလာသည်။
ကိုယ့်ဘဝက ဘာလဲ အကျဉ်းသားလား....အင့်ဟင်း.. မဟုဘူး..ငရဲသား....။
အတွေးတို့ မဆုံးမီ
YOU ARE READING
ငွေနှင်းငယ်မှုန်
Fanfictionအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။