"တောက်....."
မြို့စွန် တိုက်ကြီး၏ အပေါ်ထပ် ဧည့်ခန်း တစ်နေရာမှ တောက်ခေါက်သံ ပြင်းထန်စွာ ပေါ်ထွက်လာသည်။
"သေချာတယ်နော်... "
"ဟုတ်ကဲ့ ဆရာ...သေချာပါတယ်..."
စိတ်မချလို့ သေချာမောင်စုံစမ်း ခိုင်းတာ မှန်နေသည်။
"အခု...ဘယ်မှာလဲ..."
"မြို့စွန်...ဘုရားကြီး ပွဲမှာပါ ဆရာ..."
"OK...မင်းသွားတော့ သေချာ စောင့်ကြညိ့ထား...အကြောင်းထူးရင်...ချက်ချင်း လာပြော..."
"ဟုတ်ကဲ့.. ဆရာ.."
"တောက်....."
တွေ့မယ် ငယ်နှင်း...ဟောဒီက လူကတော့ ကိုင်တိုင်ပျိုးတဲ့ ပနိးမဟုတိပေမဲ့...ကိုယ်မြတ်နိုး ပိုင်ဆိုင်ချင်တဲ့ ပန်းမို့ မထိရက် မကိုင်ရကိ အရိပ်တကြည့်ကြည့် နဲ့ ထားနေတာကို မင့်က ခူးပါ ယူပါလို့ လုပ်နေတော့ ဘယ်တတ်နိုင်မလဲကွာ...စောင့်ကြည့်...ငယ်နှင်း...သက်နှငိးဆိုတဲ့ကောင် ဘယ်လောက် အဆိပ်ပြင်းလဲ...တွေ့မယ်...မင့်ဘေးက ကောင်လည်း...တစ်စစီ ဆုတိဖြဲ ပြစ်မယ်..တောက်.........................................
ရုတ်တရက် လှမ်းဆွဲ ခံ လိုက်ရတော့ ငယ်နှင်း လနိ့သွားသည် ။
"လာ...လေ ငယ်နှင်း...ကိုယ့်လက်ကို တင်းတင်းဆွဲထား...ဒါမ မဟုတ်ရင် ဒီနေ့ ငယ်နှင်းဘုရား ရောက်မှာ မဟုတ်ဘူး...
အစ်ကိုရှေ့က တိုးမယ် ငယ်နှင်း နောက်က လိုက်ခဲ့..."အစ်ကို ကောင်းမြတ် ပြောတာ နည်း လမ်း ကျတာမို့ သူ့လက်ကို ခပ်တင်းတင်း ဆွဲကာ နောက်က လိုက်လိုက်သည်။
နောက်ဆုံး ဘုရားရောက်တော့ ရွှေသင်္ကန်း ကပ်ပြီး အမေတို့ အဖေတို့ ကျန်းမာရေး ကောင်းဖို့ အဝေးတစ်နေရာက အစ်ကို သာဖို့ မာဖို့ ဆုတောင်း လိုက်သည်။
တောင်းတဲ့ ဆုနဲ့ ပြည့်ပါရစေသား....။
"ကဲ....ငယ်နှင်း ဘာဆုတောင်းလဲ...."
YOU ARE READING
ငွေနှင်းငယ်မှုန်
Fanfictionအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။