"ညချမ့်းရယ် နေရီ၊ ခါတော်မှီ ကေသီပန်းနဲ့ ၊ ရေခပ်းလမ့်းမှာ စခန့်းသငံ့်လို့၊ ထက်ဆင့်ရယ်နီရောင်၊ ခ်ျညးစိမ်းပေါင်နှင့် ယဉ်အောင်တောသူ၊ သနပ့်း ခါးကွက်းပါ့မှာ ကူလို့ အပူကြီ့ခန်းစုံငယ်၊ဘယ်မြို့သူသာချင်ဇောရယ်လို့ ပြောကြတယ်လေး......"
ဆည်းဆာ နေရောင်က လိမ္မော် ရောင်ဖျော့ဖျော့ နဲ့ ကြည့်ကောင်း လှသညိ။
မိုးကုတ်စက်ဝိုင်း ကြီးရဲ့ အောက်ဆုံး နားမှာတော့ အမည်း ရောင် မျည်း ကြောင်း ရှိနေပြီး...
အနားသတ် ရွှေအို ရောင်တွေနဲ့ ကြည့်ကောင်း လှသည်။ဒီနေ့က ရာသီဥတု သာယာတာ ကြောင့်ကော ခြေခင်း လက်ခင်း သာတာ ကောကြောင့်ငယ်နှင်း ရွာ ပြင် ဘုရားဖက် ထွက်ခဲ့ လိုက်သည်။
ရွာလမ်းက မလာဘဲ ရွာခြေလမ်း ကနေဘဲ ပတ်ထွက်ခဲ့သည်။
အပြင်မထွက်တာ ကြောင့်လား မသိ ပတ်ဝန်းကျင် က စိမ်း သက်နေသယောင်။
ဖြတ်တိုကိလာတဲ့ ကွင်း လေ အေးအေး ကို အားရပါးရ ရှူ ရှိုက်လိုက်တော့ ရင်ထဲ က အပူ တစ်ဝက်ငြိမ်း သွားသည်။ခေတ် အခြေအနေက မကောင်းတော့ပေ။အစ်ကို လည်း ဘယ်ရောက်နေမှန်း မသိ စာမလာ သတင်းမကြား။
အခုတစ်လော အဖေ့ ကျန်း မာရေး ကလည်း ဖောက်ချင်ချင်
ဒီကြားထဲ ရာသီဥတု မကောင်း တော့ ပိုပြီး ကျပ်တည်းကြသည်။.
သက်နှင်း တို့ကတော့ ချောင်း ပိုင် လယ်ပိုင် ယာပိုင် ဆိုတော့ ကိစ္စမရှိပေမယ့်
မရှိရှာသူတွေမှာ ကျပ်တည်း လွန်း လှသည်။
ထမင်း ပင် မစားနိုင်ကြ။
သုံးလွန်းတင် ဆန်ကို စားနေကြတယ်လို့ ပြောတယ်။
ဖြစ်နိုင်ရင် ဒီဒုက္ခတွေကို ငြိမ်းအေး ချင်လှပြီ။ဒီကြားထဲ အခွန်အခ ဆိုတာ ခဏခဏ ။
ဟိုတစ်လောကတော့ ချစ်တီး ဆိုလား အသားမည်းမည်း ကုလားတစ်ယောက် လာပြီး ငွေတွေချေးပေး သွားတယ်တဲ့။
YOU ARE READING
ငွေနှင်းငယ်မှုန်
Hayran Kurguအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့..တောင်ဆိုပါရစေ...။ ဝေဖန်အကြံပြုလို့လည်း...ရပါတယ်နော်...။