အခန်း၁

1.3K 29 1
                                    

"​ငွေနှင်းငယ်​မှုန်​ ​လေညှင်းရယ်​ တသုန်​သုန်​နဲ့...
ချမ်းပုံမှာ ကမ်းကုန်​ရက်​တာမို့....
မန်းတုနိ​အောင်​ လမ်းဆုံက ဟစ်​ချင်​​တော့...."

အချုပ်​တန်း ဆရာ​ဖေ
ဆောင်းရတုပွဲ❄❄❄

မြန်​မာသက္ကရာဇ်​ ၁၂၈၁ခု၊တပိုတွဲ လစန်း ၁၄ရက်​ ၊ကြာသပ​တေး​နေ့ ၊နာရီပြန်​ ၂ချက်​...

ကောင်းကင်​ တစ်​ခုလုံး ပြာလွင်​​နေကာ အဖြူ​ရောင်​ တိမ်​တံခွန်​​တွေ က တလိပ်​လိပ်​တက်​​နေသည်​။
နှစ်​​ပေါင်းများစွာမှ တစ်​ကြိမ်​ ဖြစ်​တတ်​တဲ့ တိမ်​တံခွန်​​တွေ ကိုကြည့်​ပြီး သာစည်​ရွာ တစ်​ရွာလုံး တီးတိုးတီးတိုး ​ပြောသံ​တွေ ဆူညံ​နေသည်​။

အထူး သဖြင့်​ သူကြီး အိမ်​နားတစ်​ဝိုက်​က စည်​ကားလှသည်​။

သူကြီးအိမ်​တွင်​ ​တော့ လူများ ပြည့်​ညပ်​​နေကာ
အ​ပေါ်ထပ်​ ဘုရားခန်း ​ရှေ့တွင်​မူ....

"ဘုရား..အမြတ်​ဆုံး ရတနာ ၊တရားအမြတ်​ဆုံး ရတနာ၊ သံဃာ အမြတ်​ဆုံး ရတနာ ရတနာ၊ မြတ်​သုံးပါး ဦးထိပ်​ထား၍
အန​န္တော အနန္ဒ၅ပါး...အား ရို​သေမြတ်​နိုး လက်​အုပ်​မိုး၍ရှိခိုး ပူ​ဇော်​ ဖူး​မျှော်​ မာန်​​လျော့ ကန်​​တော့ပါ၏ အရှင်​ဘုရား။
ဤသို့ ရှိခိုး ပူ​ဇော်​ ဖူး​မျှော်​ မာန်​​လျော့ ကန်​​တော့ ရ​သော အကျိုးအား​ကြောင့်​ နတ်​တို့ သနင်း သိကြားမင်း အားအမှု ထား၍..​လောကပါ လ နတ်​မင်းကြီး​လေးပါး..နှင့်​ ရွာ​စောင့်​နတ်​၊နယ်​​စောင့်​နတ်
နယ်​​တော်​ရှင်​ ၊ရွာ​တော်​ရှင်​ များ ခင်​ဗျာ ကျွန်​​တေိာ မျိုး သာမြတ်​၏ အိမ်​သူ သက်​ထား မီးဖွားရာတွင်​ အဆင်​​ပြေလွယ်​ကူစွာဖြင့်​ ပြီး​မြောက်​ ​အောင်​မြင်​ နိုင်​ပါ​စေ ဘုရား...."

သာစည်​ ရွာရဲ့ သူကြီးမင်း ဦးသာမြတ်​ရဲ့ ဘုရားရှိခိုး​တောင်းသံကို အခန်းတွင်းထဲက အမျိုးသမီးတစ်​​ယောကိရဲ့ အားမာန်​ အပြည့်​ တိုက်​ပွဲ သံက ဖုံးလွှမ်း သွားသည်​။

"အား.....အား....ကျွတ်​ကျွတ်​...အား..."

"သမီး ညှစ်​ထား သမီး...သတိ မလွတ်​​စေနဲ့ ရတနာ မြတ်​သုံးပါး အာရုံထား သမီး... ညှစ်​ထား သမီး ညှစ်​ထား... "

ငွေနှင်းငယ်​မှုန်​Where stories live. Discover now