“ ရောင်နီ…ဟိုမြွေဟောက်မလုပ်ရပ်တွေကို
မနက်ဖြန်ရှယ်ယာရှင်အစည်းအဝေးကျမှပဲဖော်ထုတ်
တော့မယ်…ငါ့အဖေသူ့အပေါ်ကောင်းခဲ့သလောက်
ငါ့အဖေကိုသတ်ခဲ့တဲ့…အဲဒီမိန်းမကိုငါဒီတစ်သက်
ခွင့်မလွှတ်ဘူး…ဒါပေမယ့်ငါ့အဖေနဲ့ငါ့အပေါ်ကောင်း
လွန်းတဲ့မာယာလေးကိုတော့ငါအရမ်းသနားတယ်…
သူ့ခမျာသူ့အဖေအသက်မသေသေးမှန်းသိတဲ့အချိန်
ကဆိုတော်တော်ခံစားနေရမှာ…ငါတော်တော်အသုံး
မကျတဲ့သူပဲ…ဟိုမြွေဟောက်မကိုရွံမုန်းမိတဲ့စိတ်နဲ့
အပြစ်မရှိတဲ့ကလေးကိုပါရောပြီးမုန်းနေခဲ့မိတာ…
နောက်ပြီးမိုးလေးရဲ့အဖေအပေါ်လည်းငါစွပ်စွဲပြော
ရုံနဲ့အားမရတဲ့အပြင်…မိုးလေး…ငါအရမ်းချစ်ရတဲ့
မိုးလေးကိုလည်းနှိပ်စက်ဖို့အတွက်လက်ထပ်ရုံ
တင်မက…သူ့စိတ်မပါပဲနဲ့သူ့ဘဝကိုငါသိမ်းပိုက်ထားမိတယ်…ငါ့လောက်ယုတ်မာတဲ့သူဒီကမ္ဘာမှာရှိတော့မှာ
မဟုတ်ဘူး…ရား!!!!!…”ရောင်နီတစ်ယောက်ပြောရင်းငိုရင်းနဲ့စားပွဲပေါ်က
ပစ္စည်းတွေကိုအိပ်ခန်းနံရံဆီပစ်ပေါက်ခွဲနေတဲ့
နေရဲ့လက်နှစ်ဖက်ကိုဖမ်းချုပ်ကာထိန်းလိုက်ပြီးတော့“ နေ…မင်းစိတ်မင်းထိန်းအုံး…ဟိုမိန်းမအိမ်တော်
မှာရှိနေတယ်ဆိုတာမင်းမေ့နေလား…မင်းအော်သံ
ကိုကြားပြီတော့…ငါတို့သူ့အကြောင်းတွေသိသွားပြီဆို
တာ…အဲဒီမိန်းမသာသိသွားလို့ညတွင်းချင်းတစ်ဖက်
နိုင်ငံကိုထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ…အဲဒါဆို
မိုးဦးအဖေနဲ့မာယာလေးတို့ရှာထားတဲ့သက်သေတွေ
အားလုံးဘာမှအသုံးမဝင်ဖြစ်ကုန်စေချင်နေလို့လား…
အခုချိန်မှာမင်းလုပ်ရမှာမင်းစိတ်ကိုမင်းအရင်ထိန်း…
ပြီးရင်မိုးဦးလေးနဲ့မာယာတို့အပေါ်ကိုမှားခဲ့မိတဲ့မင်း
အမှားတွေဘယ်လိုပြန်ပြင်ဆင်မလဲဆိုတာ…ခေါင်း
အေးအေးထားပြီစဉ်းစားဆုံးဖြတ်ပေါ့…မင်းအမှားကို
ပြင်ဆင်ဖို့အချိန်တွေအများကြီးရှိပါသေးတယ်
သူငယ်ချင်းရာ…”ရောင်နီရဲ့စကားကြောင့်နေမုန်းမာန်လည်းအပြစ်မရှိတဲ့ကလေးနှစ်ယောက်အပေါ်မုန်းခဲ့ပြီးတော့အမျိုးမျိုးနှိပ့်
စက်မိခဲ့တဲ့သူ့အမှားတွေကိုနောင်တရကာအော်ဟစ်
သောင်းကျန်နေမိတဲ့သူ့ကိုယ်သူတည်ငြိမ်အောင်
စိတ်ကိုလျော့ချလိုက်ကာ