နေမုန်းမာန်တစ်ယောက်အိပ်နေရာကနေနိုးနိုးချင်း
“ မိုးတောင်တော်တော်လင်းနေပါလား…
ဘယ်အချိန်ရှိနေပြီလဲမသိ…”သူ့စိတ်ကနေပြောရင်းကုတင်ဘေးနားစားပွဲပေါ်မှာ
တင်ထားတဲ့နာရီကိုလှမ်းကြည့်လိုက်တော့“ ဟာ!!!…ကိုးနာရီတောင်ထိုးနေပါလား…
ငါဘာဖြစ်လို့ဒီအချိန်ထိအိပ်နေမိတာလဲ…အရေးကြီး
တဲ့နေ့ကျမှ…နောက်ကျတော့မှာပဲ…”သူ့တစ်ယောက်တည်းရေရွတ်ရင်းနဲ့သူ့အိပ်ခန်းအတွင်းမှာရှိတဲ့ရေချိုးခန်းထဲသို့အမြန်သွားကာရေမိုးချိုးလိုက်
လေသည်။နေမုန်းမာန်လည်းရေမိုးချိုးပြီးတာနဲ့ကုမ္ပဏီသွားဖို့
အတွက်အဝတ်ဘီဒိုထဲမှဝတ်စုံတစ်စုံကိုအမြန်ထုတ်
ကာအဝတ်လဲခန်းထဲဝင်ကာအဝတ်လဲလိုက်လေ
သည်။“ ဒါဘာစာအိတ်ကြီးပါလိမ့်…စာတစ်စောင်
လည်းရှိနေပါလား…”နေမုန်းမာန်လည်းအဝတ်အစားလဲပြီးတာနဲ့သူ့စား
ကြည့်စားပွဲပေါ်မှာတင်ထားတဲ့သူ့ဖုန်းကိုယူဖို့အလုပ်
သူ့ဖုန်းအောက်ဘက်မှာရှိနေတဲ့စာအိတ်ကြီးတစ်အိတ်
နဲ့စာတစ်စောင်ကိုတွေ့လိုက်သောကြောင့်စာကိုအရင်
ဖတ်ကာကြည့်လိုက်တော့“ ကိုကိုနေမုန်း…
ကိုကိုဒီစာကိုဖတ်တဲ့အချိန်မှာသားကိုကို့
ထက်အရင်ကုမ္ပဏီကိုထွက်သွားနှင့်ပါပြီ…
ကိုကို…သားလေကိုကို့အဖေရော…ကိုကိုနဲ့ပါဒီဘဝမှာဆုံဆည်းခွင့်ရခဲ့တဲ့အတွက်အတိုင်းမသိပျော်ခဲ့မိပါတယ်…သားကိုသားအရင်းတစ်ယောက်လိုချစ်ပေးခဲ့တဲ့ကိုကို့အဖေကိုလည်းသားအဖေအရင်းလိုမျိုး
ချစ်ကြောက်ရိုသေခဲ့တာပါ…သားကိုအမြဲတမ်းယုံကြည်ပေးခဲ့တဲ့ဒယ်ဒီ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့…
သားနောက်ဆုံးထွက်သက်ထိ…ဒယ်ဒီ့အပေါ်သစ္စာ
ရှိသွားတယ်ဆိုတာကိုကိုသိရအောင်…ဒယ်ဒီ့အပိုင်
ရှယ်ယာတွေကို…သားသိပ်ချစ်ရတဲ့ကိုကို့လက်ထဲ
အပ်လိုက်ပြီနော်…ဒီနေ့ရှယ်ယာရှင်အစည်းအဝေးပွဲမှာရွေးချယ်မယ့်…ဥက္ကဌကြီးရာထူးကကိုကိုနဲ့ပဲထိုက်
တန်တာဆိုတော့…အဲဒီရာထူး…ကိုကိုရဖို့အတွက်
သားအသက်အသေခံပြီး…ကိုကို့အတွက်လက်ဆောင်
အဖြစ်ပေးခဲ့ပါ့မယ်…သားပေးတဲ့လက်ဆောင်ကို
တန်ဖိုးထားပြီး…ကုမ္ပဏီကိုဒီထက်မကတိုးတက်
အောင်ကြိုးစားပြီးတော့…သားသူငယ်ချင်းငညိုကို
လည်းစိတ်ချမ်းသာအောင်ထားပေးပါနော်ကိုကို…
ဒီဘဝမှာကိုကို့အနားမှာအကြာကြီးမနေပေးနိုင်ပေ
မယ့်…သားသိပ်ချစ်တဲ့ကိုကို့ကိုဒုက္ခပေးချင်တဲ့
သားမေမေရဲ့မိုက်မဲတဲ့အကြံအစည်တွေကိုရပ်သွား
အောင်သားအသေခံပြီးတားဆီးသွားမှာမို့လို့…
သားကိုညီတစ်ယောက်လိုတကယ်ချစ်ရင်…သား
သေသွားလည်းကိုကိုမငိုပါနဲ့…သားကြောင့်ကိုကို
မျက်ရည်ကျတာမမြင်ချင်လို့ပါ…ကိုကို့ကိုအမြဲတမ်း
ပျော်ရွှင်နေတာပဲမြင်ချင်တဲ့…သားဆန္ဒကိုဖြည့်စည်း
ပေးပါနော်ကိုကို…”