အခန်း(၅၆) အဖွဲ့ကနေ ခွဲထွက်ခြင်း

1K 147 0
                                    

ပူပြင်းလွန်းတဲ့ ​​​ကန္တာရရဲ့ ​ထောင့်​တစ်​​နေရာ

ယူတုန်းနဲ့ ​သွေးအုပ်​စုကတပည့်​ ၄ ​ယောက်​က
သဲ​သောင်​​ပေါ်မှာ ထိုင်​​နေတယ်​။ကြည့်​ရတာ
သူတို့က တစ်​ခုခုကို ​စောင့်​​မျှော်​​နေသလိုပါ
ပဲ။

အနီ​ရောင်​ဝတ်​စုံကို ဝတ်​ဆင်​ထားတဲ့ ယူတုန်း
က သူမရဲ့​သေးသွယ်​တဲ့လက်​​လေးမှာ
လေမှုတ်​တဲ့ပစ္စည်းတစ်​ခုကို ကိုင်​ထားပြီး
သူမရဲ့ နှင်းဆီ​ရောင်​နှုတ်​ခမ်းနဲ့ မှုတ်​လိုက်​တယ်​။

ဒါ​ပေမယ့်​ ​လေမှုတ်​တဲ့ပစ္စည်းက​နေ ဘာအသံ
မှ ထွက်​မလာပါဘူး။

အဲဒီအချိန်​မှာ...

သူမနဲ့မိုင်​​ပေါင်းများစွာ​အ​ဝေးမှာ တ​စ္ဆေအုပ်​စု
က မိုဇီကလဲ ပုံစံတူ ​လေမှုတ်​တဲ့ပစ္စည်း​လေးကို
ကိုင်​ထားပြီး တစ်​ခုခုကို နား​ထောင်​​နေသလို
မျိုး ခဏခဏ နားနဲ့ ကပ်​ထားပါတယ်​။

ကြည့်​ရတာ သူက​ ဦးတည်​ချက်​တစ်​ခုကို
ညွှန်​ပြ​နေဟန်​တူပါတယ်​။

တော်​​တော်​ကြာတဲ့အခါမှာ သူက တ​စ္ဆေအုပ်​စု
ကလူ ၄ ​ယောက်​ကို ဦး​ဆောင်​ပြီး ယူတုန်းတို့
ရှိတဲ့ဘက်​ကို ထွက်​သွားတယ်​။

အဲဒီအချိန်​ကျမှ ယူတုန်းက ​လေမှုတ်​တဲ့အရာ
နဲ့ ​နေရာပြတာကို ရပ်​လိုက်​တယ်​။

ရောက်​တာနဲ့ မိုဇီက အခြားသူ​တွေကိုထိုင်​ဖို့
ပြောလိုက်​ပြီး သူက ယူတုန်း​ဘေးကို သွား
လိုက်​တယ်​။သူ့မျက်​လုံး​တွေက​တော့ စည်း
မ​စောင့်​ချင်​တဲ့စိတ်​မျိုးနဲ့​တောက်​ပ​နေတယ်​။

ပြင်းထန်​တဲ့ဆန္ဒတစ်​ခုက သူ့မျက်​လုံးထဲမှာ
ခို​အောင်း​နေတယ်​။
"နင်​တို့ရဲ့ တိုက်​ပွဲက ဘယ်​လိုပြီးသွားလဲ.."

"မိုးထိ​တောင်​အုပ်​စုက ကန္တာရမှာ ကန္တာရဖွတ်
ကို တိုက်​ခိုက်​​နေကြတယ်​။"
ယူတုန်းက ​​​အေးစက်​စွာ​ပြောလိုက်​တယ်​။
"သူတို့ ကန္တာရဖွတ်​နဲ့မ​တွေ့ခင်​ သူတို့ထဲက
နှစ်​​ယောက်​ကို ငါတို့ သတ်​လိုက်​တယ်​။
ပြီး​တော့ သူတို့နဲ့တိုက်​ပွဲ ဖြစ်​​နေရင်း
နှစ်​​ယောက်​ထပ်​သတ်​တယ်​။မိုးထိ​တောင်
အုပ်​စုမှာ
၆ ​ယောက်​ပဲ ကျန်​​တော့တယ်​။ဒါ​ပေမယ့်
သူတို့အားလုံးကို ငါတို့ မသတ်​နိုင်​ခဲ့ဘူး။"

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ