အခန်း(၁၁၀) ကမ္ဘာ့ဝင်ရိုးက သလင်းကျောက်ကွန်ယက်

1K 140 2
                                    



နီယန်​က မီးနဂါးချပ်​ဝတ်​အင်္ကျီ​နောက်​ကို
လိုက်​ရင်း ​မှောင်​မဲပြီးအဆုံးမရှိတဲ့ ​ကျောက်
လှိုဏ်​ဂူအနက်​ပိုင်းထဲကို ပိုပိုပြီး တိုးဝင်​သွားပါ
တယ်​။

အခုမီးနဂားချပ်​ဝတ်​အင်္ကျီနဲ့ ​ပေါင်းစည်း​နေတဲ့
နဂါးအရိုးနဲ့သူ့ကြားမှာ ဆက်​နွယ်​မှုရှိ​နေတဲ့
အတွက်​​ကြောင့်​ သူက အဲဒါကို ရှာဖို့ စိတ်​စွမ်း
အားကိုသုံးစရာမလိုပါဘူး။

မီးနဂါးချပ်​ဝတ်​အင်္ကျီက မီးပွား​လေး​တွေ
ထွက်​မ​နေရင်​​တောင်​ သူနဲ့နဂါးအရိုးကြားထဲကဆက်​နွယ်​မှု​ကြောင့်​ မီးနဂါးချပ်​ဝတ်
အင်္ကျီရဲ့တည်​​နေရာကိုရှာ​တွေ့ပါတယ်။

စိတ်​ဝိဥာဉ်​ရတနာအုပ်​စုက လက်​နက်​လုပ်​သူ
တွေတည်​​ဆောက်​ခဲ့တဲ့ ​ကျောက်​လှိုဏ်​​ခေါင်း
က ထူးခြားဆန်းပြားဟန်​တူပါတယ်​။နီယန်
ကဆက်​တိုက်​​အောက်​ကို ဆင်း​နေတဲ့အတွက်​သူဘယ်​​လောက်​အထိ ​ရောက်​​နေပြီလဲဆိုတာ
သူလဲမသိပါဘူး။ရုတ်​တရက်​ သူရပ်​တန့်​သွား
တယ်​။

သူကပင်​ပန်းလို့​တောင်​ မနားခဲ့​ပေမယ့်
မီးနဂါးချပ်​ဝတ်​အင်္ကျီက လှိုဏ်​​ခေါင်းရဲ့အဆုံး
ကို ​ရောက်​သွားတဲ့အခါမှာ​တော့ ရပ်​မှ ရပါ
တော့တယ်​။

လှိုဏ်​​ခေါင်းရဲ့အဆုံးက လူနှစ်​​ယောက်​ပခုံးချင်းယှဉ်​ပြီးသွားလို့ရ​လောက်​​အောင်​ပဲကျယ်​ဝန်း
ပြီး အဲဒီမှာ တူးထားတဲ့အရိပ်​အ​ယောင်​​တွေကို
တွေ့​နေရပါတယ်​။

နဂါးအရိုးနဲ့​ပေါင်းစည်းထားတဲ့ မီးနဂါးချပ်​ဝတ်
အင်္ကျီက မီး​တောက်​မီးလျှံ​တွေ​တောက်​ပ​နေ
ကာ လှိုဏ်​ဂူရဲ့အဆုံးမှာ ရှိ​နေတဲ့ ​ကျောက်​တုံး
တွေကို ရိုက်​ခတ်​​နေပါတယ်​။

ခလွပ်​..!..ခလွပ်​..!..

အဆုံးမှာရှိ​နေတဲ့ ​ကျောက်​တုံးနံရံက ချက်​ချင်း
ပဲ အနည်းငယ်​စီ​ပေါက်​ကွဲလာတာကို ​တွေ့​နေ
ရပါတယ်​။မီးနဂါးချပ်​ဝတ်​အင်္ကျီက ချွန်​ထက်​တဲ့ လွန်​သွားတစ်​ခုလိုမျိုး​ပြောင်းလဲသွားပြီး
အောက်​ဘက်​ကို ထိုး​ဖောက်​​နေဟန်​တူပါ
တယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ