အခန်း(၆၅) အစစ်အမှန်နဲ့ အစစ်အမှန်မဟုတ်တဲ့ ယူအန်ဖန်း

1K 140 0
                                    

ယွမ်​​ဆောင်​ကို သတ်​လိုက်​တာ မြင်​လိုက်​ရတဲ့
အခါမှာ နီယန်​ဆီကို လာ​နေတဲ့ ယူအန်​ဖန်းက
ချက်​ချင်း ရပ်တန့်​သွားတယ်​။

နီယန်​နဲ့ ၅ မီတာအ​ဝေးမှာရပ်​​နေရင်း သူက
နီယန်​ရဲ့စွမ်းအားကို စစ်​​ဆေးကြည့်​​နေတယ်​။

ဒါ​ပေမယ့်​ နီယန်​က သူ့ကိုပါသတ်​ချင်​​နေတာ
ကိုသိတဲ့အခါမှာသူ့​ဒေါသ​တွေ ​ပျောက်​သွား
တယ်​။

"မင်းက ငါ့ကိုပါ သတ်​ချင်​​နေတာလား.."
ယူအန်​ဖန်းက ရက်​စက်​စွာ ပြုံးလိုက်​တယ်​။

ယူအန်​ဖန်းရဲ့အ​မေးကို နီယန်​က သာမန်​ပဲ
တုံ့ပြန်​လိုက်​တယ်​။သူ့​အတွက်​ ယူအန်​ဖန်းကို သတ်​ဖို့က ပိုအ​ရေးကြီးပါတယ်​။
"မင်းအစိမ်း​ရောင်​ပုံရိပ်​​ယောင်​ဒိုင်​မင်းရှင်းထဲ
က​နေ အသက်​ရှင်​ရက်​ထွက်​မသွားရင်
ယွမ်​​ဆောင်​ကို ငာ သတ်​တာ ဘယ်​သူမှသိမှာ
မဟုတ်​​တော့ဘူး။ကောင်းပြီ​လေ..ပြီးတဲ့ဟာက
ပြီးသွားပြီ။နောက်​ထပ်​ ထပ်​​ပြောစရာမလို
တော့ဘူး။မင်းနဲ့ငါ နှစ်​​ယောက်​ပဲရှိ​တော့တယ်​။
ဒါ​ကြောင့်​ ငါက​တော့ မင်းကို​သေ​အောင်
သတ်​မှာပဲ.."

သူ့​စကားဆုံးသွားတာနဲ့ နီယန်​က သူ့ရဲ့
စိတ်​စွမ်းအင်​ကို စုစည်းလိုက်​တယ်​။ပြီး​တော့
သူ့မျက်​လုံး​တွေက ​ဆောင်းတွင်းညတစ်​ညမှာ
တောက်​ပ​နေတဲ့ ကြယ်​တစ်​လုံးလို ​တောက်​ပ
လာတယ်​။

စိတ်​စွမ်းအားက သူ့ခန္ဓာကိုယ်​နဲ့ စိတ်​ဝိဥာဉ်
စွမ်းအား​တွေထက်​ အဆ​ပေါင်းများစွာပိုပြီး
မြန်​ပါတယ်​။

စက္ကန့်​ပိုင်း​အတွင်းမှာပဲ သူ့စိတ်​စွမ်းအား​တွေက
ဓားသွား​ပေါင်း​မြောက်​မြားစွာအဖြစ်
ပြောင်းလဲသွားပြီး ယူအန်​ဖန်းရဲ့စိတ်​ထဲကို
တိုးဝင်​သွားတယ်​။

ဗုန်း..!..

ယူအန်​ဖန်းရဲ့ခန္ဓာကိုယ်​က တုန်​လှုပ်​သွားပြီး
သူ့အမူအရာ​တွေ ​ပြောင်းလဲသွားတယ်​။
သူ့ရဲ့မျက်​လုံးထဲမှာ အံ့အားသင့်​မှုနဲ့ ​ကြောက်​ရွံ
မှု​တွေကို ​တွေ့လိုက်​ရတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ