အခန်း(၈၈)တိမ်တွေပေါ်မှာလမ်းလျှောက်ခြင်း

1K 141 0
                                    

ည​မှောင်​​မှောင်​ထဲမှာ..

ထူးခြားတဲ့မိုးထိ​တောင်​ကြီးက တိမ်​​တွေထဲကို
ထိုးတက်​​နေတဲ့​ကျောက်​တိုင်​ကြီးလို
မားမားမတ်​မတ်​ရှိ​နေပါတယ်​။

တောင်​ရဲ့​အောက်​​ခြေမှာ နီယန်​က ​တောင်​ကြီး
ကိုကြည့်​ပြီး စိတ်​လှုပ်​ရှားစွာနဲ့ အသက်​ရှုသံ
တောင်​ပြင်း​ထန်​​နေပါတယ်​။

"လင်းရှု..သမီးသွားနှင့်​​တော့.."
လီဖန်းက ​ပြောလိုက်​တယ်​။

ဂျီအန်​လင်းရှုက နီယန်​ကို လှည့်​ကြည့်​လိုက်
တယ်​။ပြီး​တော့ စိတ်​ရှုပ်​သွားတဲ့ပုံစံနဲ့​ ​မေးလိုက်
တယ်​။
"သူက​ရော.."

လီဖန်းက ပြန်​​ဖြေလိုက်​တယ်​။
"ဆရာက သူ့ကို ​တောင်​အ​နောက်​ကို
ချက်ချင်း​​လိုက်​ပို့​ပေးလိုက်​ဖို့ ဦး​လေးကို
မှာထားတယ်​။.."

ဂျီအန်​လင်းရှုကပြန်​​မေးလိုက်​တယ်​။
"တကယ်​ပဲလား.."

လီဖန်းက ခါးသီးစွာရယ်​လိုက်​တယ်​။
"သူ ဦး​လေးကို ​စ​နောက်​ပါ​စေလို့ ​မျှော်​လင့်
ခဲ့တာ။
အား..ဒီလိုမျိုး ဆရာတူဦး​လေးငယ်​ငယ်ေ​လးကိုရတယ်​ဆိုတာ ဦး​လေးကိုလဲ ​တော်​​တော်
စိတ်​အ​နှောင့်​အယှက်​ဖြစ်​​စေတာပဲ။.."

"နင်​တကယ်​ကံ​ကောင်းတယ်​။.."
ဂျီအန်​လင်းရှုက နီယန်​ကို ကြည့်​ပြီး ​ပြောလိုက်
တယ်​။ပြီး​တော့ စိတ်​ညစ်​တဲ့​လေသံနဲ့ သူမကဆက်​​ပြောလိုက်​တယ်​။
"သမီးဂရုမစိုက်​ဘူး။သမီးသူ့ကို
ဆရာတူဦး​လေးလို့ မ​ခေါ်နိုင်​ဘူး။သူနဲ့သမီးက
အသက်​အတူတူပဲကို။.."

ပြောပြီးတာနဲ့ သူမက ကျဉ်း​မြောင်းပြီးရှည်​လျားတဲ့ လမ်းအတိုင်း မိုးထိ​တောင်​​ပေါ်ကို
တက်​သွားပါတယ်​။

နီယန်​က စိတ်​ရှုပ်​စွာနဲ့ ​မေးလိုက်​တယ်​။
"ဘာ​တွေဖြစ်​​နေတာလဲ ဦး​လေးလီ.."

"မင်းငါ့ကို ဦး​လေးလီလို့ ဒီ​နေ့ ​ခေါ်လို့ရတယ်​။
ဒါ​ပေမယ့်​ မနက်​ဖြန်​ကစပြီး ငါကမင်းရဲ့
ဆရာတူ တူ​လေး ဖြစ်​သွားပြီ.."
လီဖန်းရဲ့မျက်​နှာမှာ အကူအညီကင်းမဲ့သလို
ဖြစ်​သွားပြီး သူကို အ​သေးစိတ်​ထပ်​မရှင်းပြ
တော့ပါဘူး။အဲဒီအစားသူက​ပြောလိုက်​ပါ
တယ်​။
"​တောင်​အ​နောက်​ကို သွားကြစို့.."

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ