အခန်း (၁၁၅) အသက်ရှင်ရက်ဖမ်းမိခြင်း

957 120 0
                                    



"၄ ကြိမ်​​မြောက်​.."

အန်​ရင်​နဲ့အခြားသူ​တွေက စကားမ​ပြောနိုင်
ကြ​ပေမယ့်​ သူတို့ရဲ့မျက်​လုံး​တွေကို ကြည့်​ရ
တာ​တော့ စိတ်​လှုပ်​ရှား​နေဟန်​​ပေါ်လွင်​ပါ
တယ်​။သူတို့က နီယန်​ရဲ့စကား​ကြောင့်
အံ့အားသင့်​သွားပါတယ်​။

ယူတုန်းက နီယန်​ကို အစိမ်း​ရောင်​ပုံရိပ်​​ယောင်
ဒိုင်​မင်းရှင်းထဲမှာ ၃ ကြိမ်​​တောင်​ ရှုံးနိမ့်​ခဲ့တယ်
လို့ဆိုလိုတာလား..

သူတို့ဘယ်​လိုမှနားမလည်​ပါဘူး။

အဲဒီအချိန်​မှာ သူတို့အားလုံးအံ့အားသင့်​သွား
တာက ယူတုန်း ငြင်းဆန်​ခြင်းမပြုခဲ့လို့်​ပါ။
သူမက နီယန်​ရဲ့စကားကို လက်​ခံပြီး
အစိမ်း​ရောင်​ပုံရိပ်​​ယောင်​ဒိုင်​မင်းရှင်းထဲမှာ
၃ ကြိမ်​ရှုံးခဲ့​ကြောင်းဝန်​ခံ​နေသလိုပါပဲ။

ယူတုန်းရဲ့တိတ်​ဆိတ်​​နေမှုက အကုန်​လုံးကို
အလွန်​အမင်းအံ့အားသင့်​သွား​စေပြီး တစ်​ချိန်
တည်းမှာပဲ သူတို့​တွေက နီယန်​အ​ပေါ်
ယုံကြည်​မှုရှိသွားပါတယ်​။

ဖန်းလူအိုရဲ့ ထူးခြားတဲ့​လေသံက ​မြေ​အောက်
အနက်​ပိုင်းထဲက ထွက်​​ပေါ်လာတယ်​။
"၃ ကြိမ်​လား.."

သွေးအုပ်​စုနဲ့တ​စ္ဆေအုပ်​စုက​ပေးတဲ့တာဝန်​ကို
ပြီးဆုံး​အောင်​လုပ်​ဖို့ ယူတုန်းကျရှုံးခဲ့ရတာက
နီယန်​ဆိုတဲ့​ကောင်​​လေးနဲ့ရင်​ဆိုင်​ရခဲ့လို့ဆိုတာ
သူသိခဲ့ပါတယ်​။

ဒါ​ပေမယ့်​ ​သွေးအုပ်​စုက အရမ်း​မျှော်​လင့်
ထားခဲ့တဲ့ ယူတုန်းက ဒီနီယန်​ဆိုတဲ့
ကောင်​​လေးကို ၃ ကြိမ်​​တောင်​ ရှုံးနိမ့်​ခဲ့မယ်
လို့ သူလုံးဝထင်​မထားပါဘူး။

နီယန်​က ဘာလို့ ယူတုန်းရဲ့စိတ်​ထဲမှာ
မ​ကောင်းဆိုးဝါး
ဖြစ်​​နေပြီး ဘာလို့သူမက သူ့အ​ကြောင်းပဲ
စုံစမ်း​နေလဲ ဆိုတာသူ​နောက်​ဆုံး​တော့
နားလည်​သွားတယ်​။ပြီး​တော့ သူမက ​သွေး
အုပ်​စုရဲ့ ခွင့်​ပြုချက်​မရှိပဲနဲ့​တောင်​ တိမ်​မည်း
မြို့​တော်​ထိသွားပြီး သူ့ကိုသတ်​ဖို့ကြိုးစားခဲ့ပါ
သေးတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ