အခန်း(၁၈၇)အခွင့်ထူးခံလူတစ်ယောက်

769 111 0
                                    



နီယန်ရဲ့ေ​ရှ့မှာ စွမ်းအင်​​ကျောက်​တုံးအပျက်​အစီး
တွေ ပျံ့ကြဲ​နေပါတယ်​။

လီဖန်းနဲ့ဂျီအန်​လင်းရှုတို့နှစ်​​ယောက်​လုံးက
သူအ​ဆင့်​တက်​မှုလုပ်​​ဆောင်​​နေတယ်​ဆိုတာ
သိထားကြပါတယ်​။ပြီး​တော့ သူတို့​​တွေက သူ့ကိုမ​နှောင့်​ယှက်​ချင်​ကြတဲ့အပြင်​ အခြားသူ
တွေရဲ့ အာရုံစိုက်​မှုကိုလဲ မရ​စေချင်​တဲ့အတွက်
သူ့ကိုဆက်​မကြည့်​ကြ​တော့ပါဘူး။

ပတ်ဝ​​န်းကျင်​ကိုလိုက်​ကြည့်​လိုက်​တဲ့အခါ
အခြားသူ​တွေက စဉ်းစားတဲ့သူကစဉ်းစား၊စွမ်းအင်​​ကျောက်​တုံး​တွေနဲ့ စွမ်းအားပြန်​ဖြည့်​​နေတဲ့
သူကဖြည့်​​နေကြတာကို​တွေ့လိုက်​ရပါတယ်​။
ပြီး​တော့ နီယန်​ဘာ​တွေဖြစ်​​နေလဲဆိုတာ
ဘယ်​သူမှ သတိမထားမိပါဘူး။

ဖန်း​လူအို​ဘေးမှာ ထိုင်​​နေတဲ့ယူတုန်းတစ်​​ယောက်တည်းသာ အ​ကြောင်းရင်းမရှိဘဲနဲ့ သူ့ကို
ခဏခဏလှမ်းကြည့်​​နေပါတယ်​။

သူမက နီယန်​ကို သူမရဲ့နံပါတ်​တစ်​ရန်​သူအဖြစ်
သတ်​မှတ်​ထားတဲ့အတွက်​ တစ်​​နေ့​​နေ့မှာ သူနဲ့
မျှမျှတတတိုက်​ခိုက်​နိုင်​ဖို့ ​မျှော်​လင့်​ထားပါတယ်​။

သူမက သူ့ကိုဆက်​တိုက်​ရှုံးနိမ့်​ခဲ့မှု​ကြောင့်
သူက သူမရဲ့စိတ်​ထဲမှာ မ​ကောင်းဆိုးဝါးတစ်​​ကောင်​ဖြစ်​လာပါတယ်​။အထူးသဖြင့်​ သူ သူမကို
အနိုင်​ယူတဲ့အချိန်​တိုင်း သူ့ရဲ့ကျင့်​စဉ်​က သူမ
ထက်​နိမ့်ေ​နတဲ့အတွက်​​ကြောင့်​ပါ။

အဲဒီအချက်​​ကြောင့်​ သူ​မ​တော်​​တော်​စိတ်​ပျက်
နေပါတယ်​။

"အဲဒီ​ကောင်​​လေးက စွမ်းအင်​​ကျောက်​တုံး​တွေ
အများကြီးသုံး​နေတယ်​။နောက်​ထပ်​အ​ဆင့်
တက်​တာ​တော့ မဟုတ်​​လောက်​ပါဘူး။.."
ယူတုန်းရဲ့ရင်​ထဲမှာ အံ့သြ​နေ​ပေမယ့်​ သူမရဲ့
မျက်​လုံးထဲမှာ​တော့ မုန်းတီးမှု​တွေပြည့်​​နေပါ
တယ်​။ဒါ​ပေမယ့်​ ခဏကြာတဲ့အခါ သူမရဲ့
အမူအရာက စိတ်​​ထွေးသလိုဖြစ်​လာပါတယ်​။

ကောင်းကင်​တံခါးစမ်းသပ်​မှုထဲမှာ သူမ နီယန်
နဲ့ထပ်​​တွေ့​တော့ နီယန်​က အလယ်​အလတ်
အကြို​ကောင်းကင်​အဆင့်​ကို​ရောက်​သွားပြီလို့
ဖန်း​လူအို​ပြောပြခဲ့ပါတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ