အခန်း(၁၅) ကြားဝင်လာသူ

1.3K 176 0
                                    

Cloudsoaring sect က လူကြီးက ဆူညံ​နေတဲ့
လူ​တွေထဲက​နေ ထွက်​လာပြီး နီယန်​ရဲ့​ဘေး
မှာ ရပ်​လိုက်​တယ်​။ပြီး​တော့ မျက်​ခုံးကို အနည်းငယ်​တွန့်​လိုက်​ပြီး ယူအန်​ဟန်​ယူရင်းနဲ့
သူ့​ယောက်ျားကို ကြည့်​ပြီး​ပြောလိုက်​တယ်​။
"လူကြီး​တွေက က​လေး​တွေကြားက တိုက်​ပွဲ
ကို ဝင်​မစွက်​ဖက်​ရဘူး​လေ။..ဟုတ်​တယ်
မလား။"

"မင်းကဘယ်​သူလဲ.."
ယူအန်​ဟန်​ယူရင်းက ​ဒေါသတကြီး​မေးလိုက်
တယ်​။
"မင်းက ငါ့ကို ဒီလိုမျိုး ​ပြောရဲတယ်​​ပေါ့..."

ယွမ်​ဇီဂိုက cloudsoaring sect က လူကြီးကို
သေ​သေချာချာကြည့်​ပြီး ချက်​ချင်းသူ့ပုံစံ
က ရိုရိုကျိုးကျိုးဖြစ်​သွားတယ်​။ပြီးတာနဲ့
ယူအန်​ဟန်​ယူရင်းရဲ့ အင်္ကျီကို သတိလက်​လွတ်​ လှမ်းဆွဲလိုက်​တယ်​။
"လီဖန်း..?.."

လီဖန်းက ကျယ်​​လောင်​စွာရယ်​​လိုက်​ပြီး
"ဟုတ်​တယ်​။..ငါက လီဖန်းပဲ.."

နီဟန်​အန်းက အဲဒီနာမည်​ကြားလိုက်​တာနဲ့
စိတ်​လှုပ်​ရှားသွားတယ်​။သူမ​ရှေ့မှာ ရှိ​နေတဲ့
သူက cloudsoaring sect က လီဖန်းမှန်း
သိလိုက်​ရတဲ့အခါ သူမရဲ့မျက်​လုံး​တွေက
ပျော်​ရွှင်​မှု​ကြောင့်​ တလက်​လက်​​တောက်​ပ
လာတယ်​။

"အကြီးအကဲလီ တရားမျှတ​အောင်
ဆောင်​ရွက်​​ပေးပါ..!.."
သူမက​တောင်းဆိုလိုက်​တယ်​။

လီဖန်းက ​ခေါင်းငြိမ့်​ပြီး ​ပြောလိုက်​တယ်​။
"​ကောင်​​လေးကို အိမ်​​ခေါ်သွား​တော့
မင်းတို့ကို ဘယ်​သူတားရဲလဲ ငါကြည့်​ချင်
သေးတယ်​။.."

တိမ်​မည်းမြို့​တော်​မှာ အမြဲတမ်း ​မောက်​မာရိုင်းစိုင်းတဲ့ ယူအန်​ဟန်​ယူရင်းက အဲဒါ လီဖန်း
ဆိုတာသိသွားတဲ့​နောက်​မှာ  ငြိမ်​သွားတယ်​။

သူမက သူ့လိုလူတစ်​​ယောက်​နဲ့ ပြိုင်​ဆိုင်​ဖို့
သတ္တိမရှိ​သေးပါဘူး။အဲဒီအစား သူမက
နီဟန်​အန်းနဲ့ နီယန်​ကို ​အေးစက်​စွာ လှမ်းကြည့်​လိုက်​တယ်​။

"သား​လေးယန်​..သွားစို့.."
နီဟန်​အန်းက နီယန်​ရဲ့ လက်​​မောင်းကို
ဆွဲပြီး သူ့ကိုစကား​ပြောခွင့်​​တောင်​မ​ပေးဘဲ
စိတ်​ဝိဥာဉ်​ရတနာဆိုင်​က​နေ ​ဝေးရာကို
ဆွဲ​ခေါ်သွားတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Onde histórias criam vida. Descubra agora