အခန်း (၁၉၀)အရိုးသွေးနတ်ဆိုး

1K 136 6
                                    



"အဲဒါဘာကြီးလဲ.."
လီဖန်းက အံ့အားသင့်​​နေတဲ့မျက်​နှာနဲ့ သူ့​ခြေ
ထောက်​​အောက်​က​မြေကြီးကို ငုံ့ကြည့်​လိုက်​ပြီး
စိတ်​စွမ်းအားနဲ့စစ်​​ဆေးကြည့်​လိုက်​တယ်​။

ဒါ​ပေမယ့်​ ​မြေကြီး​အောက်​ မီတာ ၃၀ ​လောက်
အထိပဲ​ရောက်​နိုင်​ပြီး ​သွေးအလွှာတစ်​ခုက
ကာရံထားတာကို​တွေ့လိုက်​ရတဲ့အတွက်
နောက်​ထပ်​ ထပ်​သွားလို့မရ​တော့ပါဘူး။

ထူးဆန်းတဲ့အသံကို ကြားပြီးတဲ့​နောက်​ အခြား
သူ​တွေလဲ သူတို့ရဲ့စိတ်​စွမ်းအားကိုထုတ်​လွှတ်​ပြီး ပတ်​ဝန်းကျင်​ကိုစစ်​​ဆေးကြည့်​လိုက်​တဲ့အခါ
လီဖန်း​လိုမျိုးအတားအဆီးတစ်​ခုကို ​တွေ့လိုက်
ရပါတယ်​။

မြေကြီး​အောက်​ထဲမှာဘာရှိတယ်​ဆိုတာ သူ​တို့
တွေတစ်​​ယောက်​မှ အာရုံခံလို့မရကြပါဘူး။

"မင်းတို့က မင်းတို့စွမ်းအင်​​တွေကို ဖြုန်းပစ်​​နေ
ကြတာပဲ။..."
ဖန်းလူ​အိုက​ပြောလိုက်​တယ်​။
"အဲဒီ​သွေးအလွှာက ငါတို့ဂိုဏ်း​ခေါင်း​​ဆောင်
တည်​​ဆောက်​ထားတာ။မင်းတို့ရဲ့ကျင့်​စဉ်​နဲ့ဆို
ရင်​ ဘယ်​သူမှ စိတ်​စွမ်းအားနဲ့ထိုး​ဖောက်​လို့
ရမှာမဟုတ်​ဘူး။..."

ဘန်း..!..

အဲဒီအချိန်​မှာပဲ..
မြေ​အောက်​ထဲက​နေ​ ​နောက်​ထပ်ထူးဆန်းတဲ့
အသံထပ်​ထွက်​လာပြန်​ပါတယ်​။

တစ်​ခုခုမှား​နေပြီဆိုတာကိုသိလိုက်​ရတဲ့အတွက်
ဖန်းလူအိုနဲ့ယူတုန်းတို့ရဲ့မျက်​နှာအမူအရာလဲ
ပျက်​ယွင်းလာပါတယ်​။

"ဘာ​တွေဖြစ်​​နေတာလဲ..။အကုန်​လုံးရှိ​နေတဲ့
အချိန်​ နှလုံးခုန်​သံတစ်​ချက်​ထွက်​လာတာက
ပုံမှန်​ပဲ။ဒါ​ပေမယ့်​ နှလုံးခုန်​သံ ၂ ခါခုန်​တာကို
တော့ တစ်​ခါမှမကြုံဖူးဘူး။.."
ခြေ​ထောက်​​အောက်​က ​မြေ​ကြီးကိုသတိလက်
လွတ်​ကြည့်​​နေရင်း ဖန်းလူအိုက​မေး​စေ့ကို
ပွတ်​​နေပါတယ်​။သူ့ကိုကြည့်​ရတာ သူတို့ရင်​ဆိုင်
နေရတဲ့ပြဿနာကို ​မေ့​နေတဲ့အလားသူ့ဘာသာ
ရေရွတ်​​နေပါတယ်​။
"တစ်​ခုခု​တော့မှား​နေပြီ။ငါနှစ်​​ပေါင်းများစွာ​နေ
လာတာ တစ်​ခါမှဒီလိုမဖြစ်​ဖူးဘူး။.."

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ