အခန်း (၁၀၉) နီယန်ရဲ့တဇွတ်ထိုးနိုင်မှု

1K 136 0
                                    



ယူတုန်းနဲ့ ဖန်းလူအိုတို့ထွက်​သွားတာနဲ့
ေ​မြွပုံစံ​တောင်​​ဝှေးတစ်ေ​ချာင်းကို​အားပြုရင်း
ပါး​ရေတွန့်​​နေတဲ့ အဖွားအိုတစ်​​ယောက်​က
အနားကို​ရောက်​လာပြီး ​မေးလိုက်​တယ်​။
"သမီး​လေးတုန်း..ဘယ်​မှာလဲ..."

သူမကိုမြင်​လိုက်​တာနဲ့ ​သွေးအုပ်​စုကပညာရှင်​​တွေတစ်​​ယောက်​ပြီးတစ်​​ယောက်​ သူမကို
လေး​လေးစားစားနှုတ်​ဆက်​လိုက်​ကြတယ်​။
"အဖွားရှန်​.."

သူမရဲ့နာမည်​က ရှန်​ဇုဖြစ်​ပြီး​တော့ ​သွေးအုပ်​စု
မှာ အုပ်​စု​ခေါင်း​ဆောင်​ပြီးရင်​ ရာထူးအမြင့်​ဆုံး
ဖြစ်​ပါတယ်။သူမက ယူတုန်းရဲ့ဆရာလဲ ဖြစ်
ပါတယ်​။

မြေ​အောက်​ထဲကထွက်​လာ​နေတဲ့ ​သွေးစီး
ကြောင်း​တွေက သူမသုံးလိုက်​တဲ့​သွေးကမ္ဘာ
ကွန်​ယက်​က​နေ ဖြစ်​​ပေါ်လာတာ​တွေပါ။သူမဒီ​နေရာကို မြန်မြန်ေ​​ရာက်​လာရတဲ့အ​ကြောင်းရင်းက ယူတုန်းအလျင်​စလို လှုပ်​ရှားမှာစိုးလို့
ဖြစ်​ပါတယ်​။

ယန်​ယူအန်​က ချက်​ချင်းပြန်​​ဖြေလိုက်​တယ်​။
"ယူတုန်းက မိုးထိ​တောင်​အုပ်​စုကဂျူနီယာ​တွေ​နောက်​ကို လိုက်​သွားတယ်​။.အဖွားရှန်​..
ကြည့်​ရတာ​သွေးကမ္ဘာကွန်​ယက်​က အပြည့်
အဝမဖွဲ့စည်းရ​သေးဘူးမလား။.."

ရှန်​ဇုရဲ့ကျင့်​စဉ်​အရ တကယ်​လို့ ​သွေးကမ္ဘာ
ကွန်​ယက်​သာအပြည့်​အဝဖွဲ့စည်းခဲ့မယ်​ဆိုရင်
တောင်​ကြားထဲက ချီစစ်​သည်​​တော်​​တွေအားလုံးအနည်းဆုံးတစ်​နာရီ​လောက်​​တော့ သူတို့
ရဲ့​သွေး​တွေ အစီအစဉ်​မကျဖြစ်သွား​တာကို ခံစားရမှာပါ။

အချိန်​ကြာလာ​လေ​လေ ​သွေးအုပ်​စုကပညာရှင်​​တွေက ပိုပိုပြီး အသာစီးရလာကာ
လွှမ်းမိုးနိုင်​လာကြမှာ​သေချာပာတယ်​။

ဒာ​ပေမယ့်​ ​မြေကြီးထဲက​နေ ထွက်​​ပေါ်လာတဲ့
သွေးစီး​ကြောင်း​တွေက သူတို့ရဲ့ရန်​သူ​တွေကို
အကြာကြီးမထိန်းချုပ်​နိုင်​တာကို ယန်​ယူအန်
သတိထားမိပါတယ်​။အဲဒါအပြင်​ သူတို့က
တောင်​ကြားက​နေ လွတ်​​မြောက်​သွားတဲ့
နီယန်​နဲ့သူ့အုပ်​စု​နောက်​ကိုလဲ မလိုက်​နိုင်​​သေး
ပါဘူး။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Onde histórias criam vida. Descubra agora