အခန်း (၁၆၆) နောက်ထပ်အဆင့်တက်ခြင်း

856 111 0
                                    



မြို့ဆီကိုသွားတဲ့လှိုဏ်​​ခေါင်းက မီတာ​ပေါင်းများ
စွာကွာ​ဝေးပါတယ်​။

တန်​ယန်းက ​ကြောက်​စရာ​ကောင်းတဲ့မီးစွမ်းအား​တွေကို ထုတ်​ကာ​နောက်​က​နေလိုက်​လာ
ပါတယ်​။စက္ကန့်​ဝက်​​လောက်​အတွင်းမှာပဲ
သူက လီဖန်းနဲ့ဖန်းလူအိုတို့ကို​ကျော်​ပြီး ​ရှေ့ဆက်​သွားပါတယ်​။

သူက လီရန်​ရဲ့အ​လောင်းကို တစ်​ချက်​​လေး
တောင်​လှည့်​မကြည့်​ဘဲ ဖြတ်​​ကျော်​သွားပါ
တယ်​။

သူက နီယန်​နဲ့တ​ဖြေး​ဖြေးနီးလာပြီး သိပ်​မကြာ
ခင်​မှာပဲ ၁၅ မီတာ​လောက်​အကွာကို ​ရောက်​လာပါတယ်​။

ခလွပ်​.!..

တံခါးလှိုဏ်​​ခေါင်းထဲမှာရှိတဲ့ သက်​တန့်​​ရောင်
အလင်းတန်း​တွေက တန်​ယန်းရဲ့ခန္ဓာကိုယ်​မှာ
ရစ်​ပတ်​​နေတဲ့မီး​တောက်​​တွေနဲ့ အချင်းချင်း
တိုက်​ခိုက်​မိကြပြီး စွမ်းအား​တွေ ပျက်​ပြယ်​သွား
ကြပါတယ်​။

"အီး...!.."
တန်​ယန်းက သူ့ကို​နောက်​ပြန်​တွန်း​နေတဲ့
တွန်းကန်​အားတစ်​ခု​ကြောင့်​ ​ရုတ်​တရက်
ရပ်​လိုက်​ရပါတယ်​။

နီယန်​ကို ၁၅ မီတာအကွာက​နေ ​အေးစက်​စွာ
ကြည့်​​နေပြီး သက်​တန့်​​ရောင်​အလင်းတန်း​တွေ
က​နေလာတဲ့ ခုခံအားကိုစစ်​​ဆေးကြည့်​​နေပါ
တယ်​။သူ့ကိုကြည့်​ရတာ တစ်​ခုခုကို စဉ်းစား
နေသလိုမျိုးပါပဲ။

"နီယန်​..!..။သူနဲ့​ဝေး​ဝေး​နေ..။မင်းတတ်​နိုင်​သမျှ
မြန်​မြန်​သွား..."
တန်​ယန်းက နီယန်​ကို​နောက်​က​နေ ​ဖြေး​ဖြေး
ချင်းမှီလာတဲ့အတွက်​ လီဖန်းက နီယန်​​ရှေ့ဆက်
သွား​အောင်​ ကျယ်​​လောင်​စွာ​အော်​ပြီးသတိ​ပေး
လိုက်​တယ်​။

အဲဒီလိုလှမ်း​အော်​​နေတဲ့အချိန်​မှာ လီဖန်းရဲ့မျက်
နှာ​ပေါ်မှာ ​ဒေါသ​တွေ မခံမရပ်​ဖြစ်​မှု​တွေကို
တွေ့​နေရပါတယ်​။သူက လီရန်​ရဲ့အ​လောင်းကို
ကြည့်​ကာ ရင်​ထဲမှာအမုန်းတရား​တွေပြည့်​နှက်
လာပါတယ်​။

ဒါ​ပေမယ့်​ သူ့ရဲ့ကျင့်​စဉ်​က မြို့တံခါးဆီသွားတဲ့
လှိုဏ်​​ခေါင်းထဲမှာ လီရန်​ကိုသတ်​ခဲ့တဲ့ တန်​ယန်း
နဲ့ယှဉ်​တိုက်​ဖို့မဖြစ်​နိုင်​​သေးဘူးဆိုတာ သူ
ကောင်း​ကောင်းနားလည်​ထားပါတယ်။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Donde viven las historias. Descúbrelo ahora