အခန်း (၁၂၃) ကံကြမ္ဘာ

950 128 0
                                    



နီယန်နဲ့အခြားသူတွေကို သူ့ကျောပေါ်မှာ
တင်ပြီး မိုးကြိုးမှော်သားရဲကသူ့ရဲ့ကြီးမားတဲ့
တောင်ပံကြီးကိုခတ်ကာ အနီရောင်
မီးတောင်တန်းရဲ့အပြင်ဘက်ကို ဖန်းလူအိုနဲ့ယူတုန်းရဲ့မျက်စိရှေ့မှာပဲ ပျောက်သွား
ပါတော့တယ်။

အဲဒီအချိန်မှာပဲ ပျံသန်းနိုင်တဲ့အစွမ်းရှိတဲ့ပညာရှင်တိုင်း ကပ်ဘေးကျရောက်နေတဲ့
အနီရောင်မီးတောင်တန်းကနေ ထွက်သွားကြပါတယ်။

ကပ်ဘေးကနေလွတ်မြောက်ပြီး ထွက်မသွား
နိုင်သေးတဲ့သူတွေကတော့ တောင်တွေပေါ်ကပြန့်ကျဲနေတဲ့ ဂူလေးတွေထဲမှာ ပုန်းအောင်းနေကြပြီး ချော်ရည်တွေပြန်ကျသွားတဲ့အထိ စောင့်နေကြပါတယ်။

ကျောက်တောင်တစ်ခုရဲ့ထိပ်မှာရပ်နေရင်း
စိတ်တန်ခိုးမြူအုပ်စုက ဟန်ဇင်ကကောင်း
ကင်မှာရှိနေတဲ့ ထူးခြားတဲ့မှော်သားရဲကို
မြင်သွားတယ်။
"အဲဒါ မိုးကြိုးမှော်သားရဲပဲ.."

အဲဒီမှော်သားရဲက သူတို့ဆီကို ပျံသန်းလာနေတာကို မြင်လိုက်ရတဲ့အခါ သူမကစိတ်လှုပ်ရှားစွာနဲ့ လက်ဝှေ့ယမ်းပြလိုက်တယ်။

တဖြေးဖြေးနီးလာတဲ့အခါ သူမက အဲဒီ
မှော်သားရဲရဲ့ ကျောပေါ်မှာထိုင်နေတဲ့
နီယန်နဲ့သူ့ရဲ့အဖွဲ့ကိုတွေ့လိုက်ရပါတယ်။

ဇောင်ဘင်ကမတ်တပ်ရပ်လိုက်ပြီး သူ့မျက်လုံးမှာစိတ်လှုပ်ရှားမှုတွေနဲ့ မိုးကြိုးမှော်သားရဲကို
ကြည့်နေပါတယ်။ပြီး​တော့သူကအံ့သြတဲ့အသံနဲ့ပြောလိုက်တယ်။
"သူတို့တွေ လွတ်လာပြီပဲ.."

ဟန်ဇင်နဲ့ သူလဲတော်တော်ကံကောင်းပါတယ်။သူတို့တွေက အန်ရှိရီတို့အဖွဲ့နဲ့ခွဲခွာလာပြီးတဲ့အခါ အန္တရာယ်တစ်ခုမှ မကြုံခဲ့ရပါဘူး။သူတို့
တွေက အနီရောင်မီးတောင်တန်းကနေ မြန်
မြန်ထွက်သွားဖို့ ကြိုးစားလိုက်ပြီး စိတ်တန်ခိုး
မြူအုပ်စုရှိ​ရာဘက်ကို တန်းတန်းသွားလိုက်
ကြပါတယ်။

ပထမတုန်းကတော့ သူတို့က ကောင်းကောင်းသွားခဲ့ကြပါတယ်။သူတို့ကနောက်မှာကျန်ပြီးအန်ရှိရီနဲ့ အခြားသူတွေကိုစောင့်မနေခဲ့ရတဲ့
အတွက် ကြိတ်ပြီးပျော်နေကြပါတယ်။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ