အခန်း (၁၀၇) အသက်ရှင်ဖို့အခွင့်အလမ်းအနည်းငယ်

985 129 0
                                    



ပစ္စည်းထည့်​တဲ့လက်​​ကောက်​က ​မြေ​ပေါ်ကို
ရောက်​တာနဲ့ မီး​​ရောင်​​တွေတလက်​လက်
တောက်​ပ​နေပါတယ်​။

ကြည့်​ရတာ worldly realm အဆင့်​ရှိတဲ့ လဲရီ
တောင်​ လက်​​ကောက်​ကထုတ်​လိုက်​တဲ့မီးစွမ်း
အားကို ခံနိုင်​ရည်​ရှိဟန်​မတူပါဘူး။ဒါ​ကြောင့်
သူက ​သွေးအုပ်​စုကပညာရှင်​ကိုဆက်​လက်
တိုက်​ခိုက်​နိုင်​ဖို့အတွက်​ ​ရွေးချယ်​စရာမရှိ​တော့ဘဲ ယာယီလွှင့်​ပစ်​ခဲ့ရပါတယ်​။

ဒါ​ပေမယ့်​ နီယန်​​ရောက်​လာပြီး​ကောက်​ယူ
လိုက်​တာနဲ့ မီးစွမ်းအား​တွေက ​ပျောက်​ကွယ်
သွားပါတယ်​။

အားနည်းနည်း​လေး​တောင်​ စိုက်​စရာမလိုဘဲ
သူက ပစ္စည်းထည့်​တဲ့လက်​​ကောက်​ကို
ကောက်​ကာ သူ့လက်​မှာဝတ်​လိုက်​ပါတယ်​။

အဲဒီ​နောက်​မှာ သူကစိတ်​စွမ်းအားနဲ့လက်​​ကောက်​ထဲကို စစ်​​ဆေးကြည့်​တဲ့အခါ ပစ္စည်း​တွေအားလုံးရှိ​နေ​သေးတာကို​တွေ့လိုက်​ရပါ
တယ်​။ပြီး​တော့ မီးအကြွင်းအကျန်​​တွေကိုလဲ
မီးနဂါးချပ်​ဝတ်​အင်္ကျီက စုပ်​ယူလိုက်​တာကို
တွေ့လိုက်​ရပါတယ်​။

လက်​ကောက်​ထဲမှာ ရုတ်​တရက်​​ပြောင်းလဲမှု
တွေဖြစ်​​ပေါ်လာပြီး ပြင်းထန်​တဲ့မီးစွမ်းအား​တွေထွက်​​ပေါ်လာတာက မီးနဂါးချပ်​ဝတ်​အင်္ကျီ
ကြောင့်​ဆိုတာ သူချက်​ချင်းနားလည်​သွားပါ
တယ်​။

မီးနဂါးချပ်​ဝတ်​အင်္ကျီ အဲဒီလိုလုပ်​ခဲ့ရတဲ့
အ​ကြောင်းရင်းက သူအဲဒီနာမည်​ကို သူ့ရင်
ထဲက​နေ ဆက်​တိုက်​​ခေါ်​နေပြီး လက်​ထဲမှာလဲ
နဂါးအရိုး​လေးကို တင်းကြပ်​စွာကိုင်​ထားတဲ့
အတွက်​ပါ။

"မီးနဂါးချပ်​ဝတ်​အင်္ကျီ..
သွေးဝင်​ရိုး.."
နီယန်​က ခဏ​လောက်​စဉ်းစား​နေပြီး ရုတ်​တ
ရက်​သ​ဘော​ပေါက်​သွားတယ်​။
"​သွေးဝင်​ရိုးက အဓိက​သော့ချက်​ပဲ.."

ဗုန်း..!..

ကောင်းကင်​နဲ့​မြေ​ကြီးကို​တောင်​ လှုပ်​ခါနိုင်
လောက်​တဲ့အသံ​တွေကို ​ကောင်းကင်​​ပေါ်က​နေ ကြားလိုက်​ရတယ်​။တစ်​​ယောက်​နဲ့တစ်​​ယောက်​ပြင်းပြင်းထန်​ထန်​တိုက်​ခိုက်​​နေတဲ့သူ
တွေက ​ပြောင်းလဲမှု​တွေကို အာရုံမစိုက်​နိုင်​ပဲ
သူတို့ရဲ့ရန်​သူ​တွေကို ဆက်​ပြီးတိုက်​ခိုက်​​နေရ
ပါတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Donde viven las historias. Descúbrelo ahora