အခန်း(၁၉၄)မင်းရှိနေတာ ငါတို့ကံကောင်းတယ်

857 100 0
                                    



ဝှစ်​..!..

ခန္ဓာကိုယ်​မှာအနက်​​ရောင်​ အ​ကြေးခွံ​တွေကာရံ
ထားပြီး အစွယ်​တစ်​​ချောင်းထွက်​​နေတဲ့ နတ်​ဆိုး
တစ်​​ကောင်​က ​တောင်​တစ်​​တောင်​ရဲ့​နောက်​က​နေ ရုတ်​တရက်​​ပေါ်လာပါတယ်​။

ပြီး​တော့ ချက်​ချင်းပဲကျယ်​​လောင်​စွာ​အော်​ပြီး
ဖန်းလူအိုဆီကို ​ပြေးဝင်​သွားတယ်​။

အဲဒီအချိန်​မှာပဲ ခရမ်းရင့်​​ရောင်​နတ်​ဆိုးချီ​တွေက
သူ့ဆီကို အလုံးအရင်းနဲ့ဝင်​လာပါတယ်​။

ခဏကြာတဲ့အခါ ဖန်းလူအိုက နတ်​ဆိုးချီ​တွေ
ထဲမှာ နစ်​မြုပ်​သွားပါတယ်​။သူက နတ်​ဆိုးချီရဲ့
တိုက်​ခိုက်​မှုကို ကာကွယ်​ဖို့ ​သွေး​ရောင်​ရှိတဲ့.ဒိုင်း
တစ်​ခုဖန်​တီးထားပါတယ်​။

နတ်​ဆိုးချီ​တွေသာ သူ့ခန္ဓာကိုယ်​ထဲကို ဝင်​သွား
ရင်​ သူသတိလွတ်​သွားပြီး နတ်​ဆိုး​တွေရဲ့
သား​ကောင်​ဖြစ်​သွားမယ်​​ဆိုတာ သူ​ကောင်း
ကောင်းသိပါတယ်​။

ခြေဆုံး​ခေါင်းဆုံးအနက်​​ရောင်​​ကြေးခွံ​တွေနဲ့
ဖုံးကွယ်​​နေတဲ့နတ်​ဆိုးက မသတီစရာ​ကောင်းစွာရယ်​လိုက်​ပြီး အဲဒီအချိန်​ သူ့ရဲ့အစွယ်​ကြီးကလဲ ခရမ်း​ရောင်​​တွေ​တောက်​ပလာပါတယ်။

ဖန်းလူအိုနဲ့သိပ်​မ​ဝေးတဲ့နီယန်​က ဘာ​တွေဖြစ်
နေလဲဆိုတာလှမ်းမြင်​လိုက်​ရတဲ့အတွက်
နတ်​ဆိုးကိုလက်​ညှိုးထိုးပြီး သူ့​ဘေးက အရိုး
သွေးနတ်​ဆိုးကိုအမိန့်​​ပေးလိုက်​တယ်​။
"သွား..တိုက်​​ချေ.."

သူရဲ့သတ်ြ​ဖတ်​ချင်စိတ်က ​​နတ်​ဆိုးဆီကို အာရုံ
စိုက်​လိုက်​ရင်​ပဲ အရိုး​သွေးနတ်​ဆိုးက အဲဒါကို
ပစ်​မှတ်​ထားလိုက်​ပါတယ်​။

နတ်​ဆိုးထက်​နှစ်​ဆ​လောက်​ပိုမြင့်​တဲ့ အရိုး
သွေးနတ်​ဆိုးက နတ်​ဆိုးဆီကို​ပြေးသွားပြီး
သူဘာမှမတုံ့ပြန်​ရ​သေးခင်​မှာပဲ လက်​နှစ်​ဖက်
နဲ့နတ်​ဆိုးရဲ့ရင်​ဘတ်​ကို ထိုး​ဖောက်​လိုက်​ပါတယ်​။

FIZZ.!.

သူ့ရဲ့အရိုးလက်​ကြီးက နတ်​​ဆိုးဆီကို မ​ရောက်
ခင်​မှာပဲ သူ့လက်​ထဲက​နေများပြားလှတဲ့ ​သွေး
ရောင်​အလင်းတန်း​တွေထွက်​သွားပြီး အနက်
ရောင်​အ​ကြေးခွံ​တွေကာကွယ်​​ထားတဲ့ နတ်​ဆိုး
ရဲ့ရင်​ဘတ်​ကို တိုက်​ခိုက်​လိုက်​ပါတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Onde histórias criam vida. Descubra agora