မိဘနှစ်ပါးစလုံးအသတ်ခံလိုက်ရပြီးဆိုတဲ့သ
တင်းကြားကြားချင်းအဝေးမြို့တစ်နေရာကနေသူ့
မိဘအိမ်တော်ရှိရာဆီကိုသူ့ကားကိုမိုင်ကုန်တင်ကာ
မောင်းနှင်လာခဲ့တဲ့အသက်နှစ်ဆယ်အရွယ်လူငယ်
တစ်ဦး…
သူ့အနောက်တွင်တော့အနက်ရောင်ကားငါးစီးလိုက်ပါလျက်…@@@@@@@@@@@@@@@@
မေတ္တာလွှမ်းအိမ်တော်
ထိုအိမ်တော်ဝင်းကြီးအတွင်းကိုအရှိန်ပြင်းစွာမောင်း
နှင်ဝင်ရောက်လာတဲ့အနက်ရောင်ပြိုင်ကားတစ်စီး…
ကားရပ်ပြီးတာနဲ့ကားပေါ်ကနေပြေးဆင်းရင်း
အိမ်တော်ကြီးအတွင်းသို့ပြေးဝင်သွားခဲ့တဲ့အသက်
နှစ်ဆယ်အရွယ်လူငယ်လေး…ထိုလူငယ်လေးမြင်လိုက်ရတဲ့မြင်ကွင်းတွေကတော့
ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံရမှုနဲ့အတူအသက်
ဝိညာဉ်မဲ့နေတဲ့သူ့မိဘနှစ်ပါးရဲ့ပြန့်ကျဲနေသော
ခန္ဓာကိုယ်အပိုင်းအစတွေ…
ထို့အတူအိမ်တော်ဝန်ထမ်းတွေရဲ့ရုပ်ပျက်ဆင်း
ပျက်အလောင်းပေါင်းများစွာ…“ ပသခင်လေး…သခင်ကြီးနဲ့သခင်မကြီးတို့သေဆုံးမှုအတွက်ကျွန်တော်မျိုးတို့ကိုလက်စားချေ
ခွင့်ပေးပါ…”သူ့ကိုပြောလိုက်တဲ့သူ့အနီးကပ်သစ္စာရှိကိုယ်ရံတော်စကားကြောင့်
“ လက်စားချေခွင့်ပေးမယ်…အခုတော့မ
ဟုတ်ဘူး…တစ်နေ့နေ့…အဲဒီနေ့ရောက်ရင်…
ဒီနေ့လုပ်ရပ်လုပ်သူမှန်သမျှ…သူတို့လုပ်ရပ်အ
တွက်အတိုးရောအရင်းရော…ကျုပ်ပြန်ယူပြမယ်…”ထိုစကားကိုပြောလိုက်တဲ့ပသခင်လေးလို့တရိုတသေ
ခေါ်ခံနေရတဲ့အသက်နှစ်ဆယ်အရွယ်
လူငယ်လေး၏မျက်ဝန်းတွင်တော့ရက်စက်မှုအပြည့်စုဝေးရင်း“ ခင်ဗျားတို့အားလုံး…ကျုပ်ညီကိုအမြန်သွားကြို…
ပြီးတာနဲ့နိုင်ငံခြားကိုကျုပ်ညီကိုခေါ်ပြီးအပြီး
ထွက်သွား…ကျုပ်ပြန်လာဆိုမှဒီနိုင်ငံကိုပြန်လာခဲ့…ကြားလား…”ပသခင်လေးရဲ့ဒေါသလွှမ်းနေတဲ့စကားသံကြောင့်
“ ဟုတ်ကဲ့ပါ…ပသခင်လေး…ကျွန်တော်မျိုးတို့ကို
ညွှန်ကြားတဲ့အတိုင်းဆောင်ရွက်ပါ့မယ်…သွားခွင့်ပြု
ပါ…”
