“ ဦးမြင့်စံ.....တရားဝင်လုပ်ငန်းတွေဗန်းပြပြီး
...နိုင်ငံတကာဆီတရားမဝင်ပစ္စည်းတွေပို့နေတဲ့....”
“ သတင်းသက်သေတွေကျွန်တော်တို့ဆီအကုန်
ရောက်နေပြီမို့လို့...အဖမ်းခံပါ...”
“ ခင်ဗျားဘက်ကရှေ့နေငှားရမ်းခွင့်ရှိ
တယ်...”ရုတ်တရက် သူ့အိမ်တော်ခြံဝင်းအတွင်းကိုရောက်လာ
ကာ သူ့အား ဖမ်းဝရမ်းထောင်ပြနေတဲ့ ရဲအရာရှိကြီး
နဲ့နောက်ပါရဲသားအချို့ကြောင့်....
သူ့မွေးနေ့ပွဲလာ စီးပွားရေးလုပ်ငန်းရှင်မှန်သမျှရဲ့
မျက်လုံးအစုံက သူ့ဆီသို့သာစုပြုံနေကြပေမယ့်....
ဦးမြင့်စံတစ်ယောက် နည်းနည်းလေးမျှအပြုံးမပျက်ပဲ“ ကောင်းပြီလေ....ခင်ဗျားတို့သက်သေဘယ်
လောက်ခိုင်လုံလဲသိရအောင်....”
“ လိုက်ခဲ့ပေးရမှာပေါ့...”
“ ဟုတ်တယ်မဟုတ်လား....”ခပ်အေးအေးလေးသာ စကားဆိုနေတဲ့ဦးမြင့်စံ
ဆိုသူကတော့ အရာရာကိုတစ်ကွက်ကျော်ကြိုတင်
စီစဉ်ထားတတ်သူမို့.....
ခပ်ပြုံးပြုံးမျက်နှာထားနဲ့သာ သူ့လက်နှစ်ဖက်အား
လက်ထိပ်ခတ်ခေါ်ဆောင်သွားတဲ့ ရဲအရာရှိတွေ
နောက်သို့သာလိုက်ပါသွားလေသည်။“ ဒယ်ဒီ....ဒယ်ဒီ...ဒယ်ဒီ....”
“ ဦးလေးရဲကြီးတို့ခဏလေးစောင့်ပါအုံး…”ထိုသို့ပြောရင်း ဖခင်ဖြစ်သူအနားအပြေးကလေးသွား
လိုက်တဲ့ ပန်မြင့်မိုရ်.....“ ဒယ်ဒီ....ဘာဖြစ်လို့လဲဟင်....”
“ ဘာဖြစ်လို့အဖမ်းခံရတာလဲ.....”
“ ဒယ်ဒီမှာဘာအပြစ်တွေရှိလို့...အခုလိုအဖမ်းခံထိတာလဲ....”
“ ပြောပါအုံးဒယ်ဒီရယ်....ပြောပါအုံး...”မျက်ရည်တွေရွှဲစိုကာ ရှိုက်ကြီးတငင်ငိုရင်းမေးနေတဲ့ သမီးဖြစ်သူကြောင့်..
“ ငါ့နောက်ကျောကိုဓားနဲ့ထိုးတဲ့ဟာတွေ....”
“ မင်းတို့ငါ့အပေါ်လုပ်တဲ့လုပ်ရပ်ကြောင့်....
ငါ့သမီးမျက်ရည်ကျရတာ....”
“ အဲ့ဒီအတွက်....ငါပြန်ပြီးကလဲ့စားချေပြ
မယ်...”
“ ကလေးအတွေးပဲတွေးတတ်တဲ့ဟာတွေ....
အလွယ်တကူအဖမ်းခံတတ်တဲ့ထဲမှာပါသွားရင်...”
“ ငါ့ရာဇဝင်ရိုင်းသွားမှာပေါ့...”
