“ သားလေး…ကစားရတာပျော်လား…”
ညနေသူ့အလုပ်ကနေရုံးဆင်းပြီးတာနဲ့ အိမ်တော်ကိုမပြန်သေးပဲ ရှေ့နေအသိသက်သေတွေနဲ့အတူ
စစ်မင်းလို့သူကိုယ်တိုင်နာမည်ပေးထားတဲ့ထိုကောင်
လေးကို သားအဖြစ်အပိုင်မွေးစားလိုက်တဲ့
ဦးခက်မင်းတစ်ယောက်…
ကစားကွင်းမှာ တစ်မျိုးပြီးတစ်မျိုးကစားလို့ပြီးသွား
တော့ သူ့အနားမှာရေခဲမုန့်ထိုင်စားနေတဲ့
ထိုကောင်လေးကိုမေးလိုက်တော့“ အများကြီး…အများကြီးပျော်တယ်…”
“ ဖေဖေ…ရေခဲမုန့်စား…”သူ့ကိုရေခဲမုန့် ခွံ့ကျွေးနေတဲ့ထိုကောင်လေးလက်ထဲက
ရေခဲမုန့်ကိုစားလိုက်ပြီးတော့“ သားလေး…ရေခဲမုန့်စားပြီးရင်…”
“ ဖေဖေတို့အိမ်ပြန်ကြရအောင်နော်…”သူပြောလိုက်တော့
“ ဟုတ်ကဲ့ပါဖေဖေ…”
“ သားသားမြန်မြန်စားမယ်လေနော်…”ရေခဲမုန့်ဘူးထဲကရေခဲမုန့်တွေကိုခပ်မြန်မြန်စားနေတဲ့ကောင်လေးကို ဂရုဏာသက်တဲ့အကြည့်နဲ့ကြည့်
နေတဲ့ ဦးခက်မင်းကို…
ကစားကွင်းအကွယ်တစ်နေရာကနေ လူမိုက်ပုံစံလို
ရုပ်မျိုးနဲ့လူနှစ်ယောက်ကြည့်နေတာကိုတော့…@@@@@@@@@@@@@@@@@
ဆူးခတ်ရံအိမ်တော်
“ ကိုကိုသောက်ဖို့အတွက်…အသီးဖျော်ရည်
အေးအေးလေးယူလာပေးတယ်…”
“ အမောပြေအောင်သောက်လိုက်နော်…”အိမ်တော်ကိုပြန်ရောက်ပြီးတော့ အဝတ်အစားလဲကာ
အခန်းထဲမှာ ခဏထိုင်နေတဲ့
မုန်းမာန်ညှိုးတစ်ယောက်…
သူ့အတွက် အအေးဖျော်လာပေးတဲ့ သူ့ကလေးလေး
ကြောင့်“ ကျေးဇူးပါကလေးလေး…”
“ ကိုကိုလည်း…အအေးသောက်ချင်နေတာနဲ့…အတော်ပဲ…”သူ့လက်ထဲမှာ အသီးဖျော်ရည်ထည့်ထားတဲ့ခွက်ကို
ယူရင်း သောက်နေတဲ့ကိုကို့ကိုကြည့်ကာ
ရှိုင်းခတ်ဆစ်တစ်ယောက် မေးချင်စိတ်ကိုမထိန်းနိုင်
ဖြစ်ရကာ“ ကိုကို…အဲ့မျက်နှာဖုံးကြီးနဲ့…နေရတာ…
စိတ်မကျဉ်းကျပ်ဘူးလားဟင်…”
“ အဲ့မျက်နှာဖုံးကြီးစွတ်ပြီးနေတာ…ကိုကို့မျက်နှာကဒဏ်ရာကိုဖုံးကွယ်ဖို့အတွက်လား…”