၅နှစ်ခန့်ကြာသော်
“ ကြိုဆိုပါတယ်....သခင်လေး....”
နိုင်ငံရပ်ခြားမှာ စီးပွားရေးပညာကိုပြန်လည်လေ့လာသင်ယူပြီး မြန်မာနိုင်ငံဆီပြန်ရောက်လာခဲ့တဲ့
အသက်သုံးဆယ်အရွယ်လူငယ်လေးအား....
လေဆိပ်အထွက်ပေါက်နေရာကနေ ခါးကိုင်းကာ
ကြိုဆိုနှုတ်ဆက်လိုက်ကြတဲ့ ထိုလူငယ်လေးရဲ့
နောက်လိုက်ငယ်သားတွေ....“ သူရော....မလိုက်လာဘူးလား....”
လေဆိပ်အဆောက်အဦးအတွင်း ဘေးဘီဝဲယာဆီ
ကြည့်ရင်းမေးလိုက်တဲ့ ထိုလူငယ်လေးကို....“ အလုပ်တစ်ခုအတွက်နဲ့....အရမ်းရှုပ်နေလို့....မလိုက်လာတာပါ....”
“ သခင်လေးအတွက်....ကြိုဆိုပန်းစည်းပေး
လာခဲ့ပါတယ်....”သူ့အားကမ်းပေးနေတဲ့ သူ့တပည့်ဆီကနေ
သူ့အကြိုက်လိမ္မော်ရောင်နှင်းဆီတွေချည်းဖြင့်
လုပ်ထားတဲ့ထိုပန်းစည်းအားကမ်းယူလိုက်ပြီး
တော့....“ ဟွန့်....လူဆိုးကြီး....”
“ ပန်းစည်းလေးတစ်ခုလောက်ပို့ပေးရုံနဲ့....”
“ ခင်ဗျားကြီးကိုသေမတတ်လွမ်းနေတဲ့
ကျွန်တော့်စိတ်က...ခံစားချက်ပြေပျောက်သွား
မယ်ထင်နေလား...”
“ ခရီးအဝေးကနေပြန်လာတဲ့သူကို....
ကိုယ်တိုင်လာမကြိုတဲ့ဘိုးတော်ကြီး....”
“ ခင်ဗျားကြီးကိုစိတ်ဆိုးပေမယ့်....အလုပ်များတဲ့သူကိုမှ.....”
“ ကျွန်တော်ကချစ်နေမိတော့လည်း...စိတ်
သဘောထားကြီးကြီးနဲ့...ခွင့်လွှတ်ပေးလိုက်ပါ့
မယ်လေ....”သူ့စိတ်ထဲကနေပြောကာ ပြုံးလိုက်ရင်း.....
သူ့လက်ထဲမှာကိုင်ထားတဲ့ ပန်းစည်းထဲက
မွှေးကြိုင်လှတဲ့လိမ္မော်ရောင်နှင်းဆီပွင့်တွေကိုငုံကာနမ်းရှိုက်လိုက်လေသည်။“ သခင်လေး.....ဘယ်ကိုအရင်သွားမှာပါလဲ...”
သူ့အားမေးလာတဲ့ သူ့လူယုံသဖွယ်အားကိုးရတဲ့
တပည့်ရဲ့အမေးကို.....“ ဒီကိုမလာခင်ကတည်းက....ကြိုပြောထား
တဲ့နေရာကိုအရင်သွားမယ်....”ထိုသို့ပြောပြီး လိမ္မော်ရောင်နှင်းဆီပန်းစည်းကြီးကို
ပွေ့ဖက်ကိုင်ကာလေဆိပ်ဝင်းအတွင်းကနေ
ပျော်ရွှင်သောချစ်စရာမျက်နှာထားလေးနဲ့စတိုင်ကျကျလျှောက်ကာထွက်သွားတဲ့ အသက်သုံးဆယ်အရွယ်
ထိုလူငယ်လေးကို.....
သူ့အပိုင်လေဆိပ်ဝင်းအတွင်းကcctvတွေနဲ့
ချိတ်ဆက်ကာ.....
သူ့အတွက်အရေးကြီးလှတဲ့ပွဲတစ်ခုကိုစီစဉ်ညွှန်ကြားရင်းဖြင့်ပင် ထိုင်ခုံတစ်ခုမှာထိုင်ပြီးတော့.....
Laptopကနေတစ်ဆင့် လေဆိပ်ထဲကကောင်လေးရဲ့လှုပ်ရှားမှုလေးတွေကိုတစ်စက္ကန့်လေးတောင်
အလွတ်မခံပဲကြည့်နေတဲ့
တစ်ယောက်သူ၏မျက်နှာအထက်တွင်လည်း
အပြုံးပန်းတွေဝေဆာနေလေသည်။
