Painful Heart
Part.17
Writer - SaungAngel
“ တောင်းပန်ပါတယ်ဖေဖေ....”
“ အရိပ်မဲ့ဂိုဏ်းခေါင်းဆောင်အစစ်ကဦးမြင့်စံ
ဆိုတာစုံစမ်းထားတဲ့သတင်းအရသိပေမယ့်...”
“ မေတ္တာလွှမ်းအိမ်တော်လူသတ်မှုခေါင်းဆောင်ကဖေဖေ့လို့သာထင်မှတ်ပြီး...”
“ ဖေဖေ့အနားချဉ်းကပ်မိခဲ့တဲ့ကျွန်တော့်ကိုခွင့်လွှတ်ပါ....”မွေးစားဖခင်ပြောပြတဲ့ထိုအချိန်တုန်းကအဖြစ်မှန်ကို
သိလိုက်ရတဲ့ လျို့ဝှက်အဖွဲ့အစည်းရဲ့အရာရှိ
ခွန်းစစ်ခန်လည်း....
တကယ့်လူသတ်တရားခံအစစ်ကိုသိလိုက်ရလေတော့
သူ့အနေနဲ့မွေးစားအဖေအပေါ်အားနာစိတ်ဖြစ်မိလေ
သလို....
ဦးမြင့်စံ၏ကောက်ကျစ်ယုတ်မာစွာ
ချောက်တွန်းခံလိုက်ရတဲ့သူ့မွေးစားအဖေအဖြစ်ကို
သနားစိတ်ပိုမိနေသည်။“ တောင်းပန်စရာမလိုပါဘူးသားရယ်...”
“ သားလည်းတာဝန်အရလုပ်ရတာပဲ...”
“ အဖေ...သားကိုအပြစ်မတင်တဲ့အပြင်...”
“ သားကိုလည်းအကူအညီတစ်ခုလောက်
တောင်းချင်တယ်....”မွေးစားဖခင်၏စကားကြောင့်
“ ဟုတ်....ဘာအကူအညီများလဲဖေဖေ....”
ပြန်လည်ကာမေးလိုက်တဲ့ ခွန်းစစ်ခန်
“ တစ်ခြားတော့မဟုတ်ပါဘူးကွယ်....”
“ ရှိုင်းလေးကိုခေါ်ထားပေးသူကဘယ်သူ
ဘယ်ဝါဆိုတာသိချင်လို့...”
“ အဲ့ဒါ....အဲ့လူဆက်ထားတဲ့ဖုန်းနံပါတ်....
အဖေ့ဖုန်းထဲမှာမှတ်ထားတယ်...”
“ သားအနေနဲ့....ဖုန်းနံပါတ်ရဲ့ပိုင်ရှင်ကို
တိတ်တဆိတ်စုံစမ်းပေးလို့ရမလား...”
“ ဖအေတစ်ယောက်အနေနဲ့....သားဖြစ်သူ
ကိုခေါ်ထားတဲ့သူကလူကောင်းလား....လူဆိုးလား...
ဆိုတာသိချင်တဲ့စိတ်လေးတစ်ခုအတွက်ကြောင့်ပါ
ကွယ်...”သူ့အား အားကိုးစိတ်ဖြင့်အကူအညီတောင်းနေတဲ့
မွေးစားဖေဖေရဲ့မျက်ဝန်းတွေကြောင့်....
ခွန်းစစ်ခန်တစ်ယောက် သားအရင်းမဟုတ်တဲ့
သူ့အပေါ်ကိုတောင်ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တဲ့အပြင်....
သူလိမ်ညာခဲ့မှန်းသိတာတောင်အပြစ်မဆိုတာကို
ကြည့်ခြင်းဖြင့်....
ဖေဖေ့ရဲ့သားအရင်း ရှိုင်းခတ်ဆစ်အပေါ် ဖေဖေအနေနဲ့ဘယ်လောက်ထိစိုးရိမ်စိတ်ပူနေလိမ့်မလဲဆိုတာကို
နားလည်စိတ်ဖြစ်မိလေတော့....
