လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်နီးပါးအချိန်ကာလ
“ အဟင့်...အဟင့်...အဟင့်....”
ချောင်ကွယ်လေးတစ်နေရာမှာ ဆောင့်ဆောင့်လေး
ထိုင်ကာငိုနေတဲ့ ဆယ်နှစ်သားလေး မုန်းမာန်ညှိုး....“ ကိုကိုမငိုနဲ့....ကိုကိုငိုရင်ခွန်းလည်းငိုမယ်...”
“ အီးးးး...ဟီးးးးး....”အစ်ကိုဖြစ်သူအားနောက်ကျောကနေဖက်ကာ
လိုက်ငိုနေတဲ့ သူမ၏မြေးငယ် ခွန်းလေးကိုစံအိမ်
အဝင်ဝကနေရပ်ကြည့်နေမိတဲ့...
သူမ၏မြေးဦးဖြစ်တဲ့ခွန်းလေးကိုမွေးပြီးပြီးခြင်းကတည်းကပင် သူ့ချွေးမဆီကနေခေါ်ယူမွေးစားထားခဲ့တဲ့လရိပ်သခင်စံအိမ်သခင်မကြီး ဒေါ်ခင်မမ
တစ်ယောက်.....
ထိုမြင်ကွင်းကိုမမြင်ရက်၍ စံအိမ်ထဲသို့ပြန်ဝင်ကာ
ဧည့်ခန်းအတွင်းရှိ ဆိုဖာမှာဝင်ထိုင်လိုက်ပြီးတော့“ သားစစ်ခိုင်...”
“ အမေ...သားတို့နဲ့တိုင်ပင်စရာရှိတယ်....”
“ မုန်းမာန်လေးအတွက်ဆိုပိုမှန်မယ်....”
“ အမေပြောမယ့်စကားသေချာနားထောင်ပြီးမှ
စဉ်းစားဆုံးဖြတ်ပေါ့....”တပည့်ဖြစ်သူလင်မယားသေဆုံးရမှုအတွက်ယူကျူံးမရဖြစ်နေတဲ့သားဖြစ်သူနဲ့ သူ့သားအားနှစ်သိမ့်ပေး
နေသူချွေးမဖြစ်သူအားပြောလိုက်လေတော့....“ ဟုတ်ကဲ့ပါအမေ....”
မနေ့ညက သူ့တပည့်ဖြစ်ရုံတင်မက ညီအစ်ကိုအရင်းပမာခင်မင်ခဲ့ရသူအားမာန်တစ်ယောက်.....
အရိပ်မဲ့ဂိုဏ်းထဲမှာဆယ်နှစ်နီးပါးထိုလူဆိုး
တွေရဲ့လူယုံအဖြစ်ဟန်ဆောင်ကာ.....
ဂိုဏ်းခေါင်းဆောင်အစစ်ကိုဖော်ထုတ်ဖို့
သတင်းထောက်လှမ်းနေရာကနေ....
ထိုလူဆိုးဂိုဏ်းကရိပ်မိသွားတဲ့အခါမှာတော့....
အလွန်တရာလျို့ဝှက်လွန်းတဲ့ထိုဂိုဏ်းခေါင်းဆောင်ကိုမဖော်ထုတ်နိုင်တဲ့အပြင်.....
သူတို့အိမ်တော်မှာဖွက်ထားတဲ့အားမာန်၏ဇနီးအား
အိမ်တော်မှာသူတို့လင်မယားမရှိတုန်း...
အားမာန်ကိုအကြောင်းပြပြီးလိမ်လည်ခေါ်ယူကာ
မြို့ပြင်ဂိုထောင်ပျက်တစ်ခုကိုလာခဲ့ဖို့ဖုန်းဆက်ချိန်းဆိုခေါ်ယူတာကို သူ့အိမ်တော်ကနေသတင်းလှမ်းပို့တာကိုသိသိခြင်း....
သူတို့လင်မယားနဲ့နောက်လိုက်ကိုယ်ရံတော်တွေလည်း ထိုနေရာရှိရာဆီအမြန်လိုက်သွားပေမယ့်.....
ခန္ဓာကိုယ်တွေကိုအပိုင်းပိုင်းခုတ်ထစ်ကာအသတ်ခံ
လိုက်ရတဲ့ အားမာန်တို့လင်မယားရဲ့ရင်နင့်ဖွယ်အဖြစ်
ကိုသာမြင်တွေ့လာခဲ့ရတဲ့ ဦးစစ်ခိုင်.....
သူ့သားအဖြစ်သာလူသိများနေတဲ့
အားမာန်ရဲ့သားလေးမုန်းမာန်လေးအတွက်
မိခင်ဖြစ်သူဘယ်လိုစဉ်းစားထားပေးမလဲဆိုတာကိုသိချင်စိတ်ဖြင့်နားစွင့်နေမိလေသည်။
