မိုးမြင့်စံ အိမ်တော်
“ သမီးလေးပန်ပန်…မောနင်း…”
ထမင်းစားခန်းသို့ဝင်ဝင်ခြင်းနှုတ်ဆက်လာတဲ့
ဒယ်ဒီ့ကို“ မောနင်းပါ…ဒယ်ဒီ…”
ပန်မြင့်မိုရ်လည်း ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီးတော့
မေစိန်ပြင်ထားပေးတဲ့ မနက်စာကိုစားနေရင်းမှပင်
ဟန်လေးကိုယ်တိုင်ပြင်ပေးတဲ့ မနက်စာကိုသတိရ
မိလေတော့“ ခွဲခွာရတာ…နှစ်ဆယ့်လေးနာရီမပြည့်သေး
ပေမယ့်…”
“ လွမ်းနေမိပြီ…ဟန်လေးရယ်…”ချစ်ရသူကိုလွမ်းနေမိတဲ့ စိတ်ပြည့်နှက်နေတဲ့သူ့အဖို့
ကတော့…
ထမင်းစားပွဲပေါ်က အမျိုးမျိုးအဖုံဖုံပြင်ဆင်ထားတဲ့
မနက်စာအတွက် စားစရာတွေကို စားချင်စိတ်မရှိ
တော့တဲ့အတွက်ကြောင့်“ ဒယ်ဒီ…သမီး ကုမ္ပဏီအရင်သွားနှင့်မယ်
နော်…”ထိုမျှတာပြောပြီးတော့ မနက်စာစားလို့မပြီးသေးတဲ့
ဒယ်ဒီကို ကျောခိုင်းကာ ထမင်းစားခန်းထဲကနေ
ထွက်လာလိုက်ပြီးတော့…
အိမ်တော်အပြင်ဘက်မှာ အဆင်သင့်ရပ်စောင့်နေတဲ့
ကားဒရိုင်ဘာဖွင့်ထားပေးတဲ့ ကားအနောက်ခန်း
ထိုင်ခုံမှာ ဝင်ထိုင်လိုက်တာနဲ့…
မိုးမြင့်စံအိမ်တော်၏ မမလေးပန်ပန်လိုက်ပါလာတဲ့
ကားအဖြူလေးကတော့…
အိမ်တော်ခြံဝင်းကြီးကနေထွက်ခွာသွားသည်နှင့်…
မမလေးပန်ပန်လိုက်ပါသွားတဲ့ ကားအဖြူရောင်၏
အနောက်ဘက်လှမ်းလှမ်းကနေ…
အဝါရောင်ကားလေးတစ်စီး ကိုယ်ရံတော်သဖွယ်
လိုက်ပါလာတာကိုတော့…
ပန်ပန်မင်းသမီးလေးက သိမည်မဟုတ်ပေ။@@@@@@@@@@@@@@@@
ဆူးခတ်ရံ အိမ်တော်
“ မောနင်း…ကလေးလေး…”
ရှိုင်းခက်ဆစ်တစ်ယောက် အိပ်ရာကနေနိုးနိုးခြင်း
သူ့ကိုပြုံးပြကာ နှုတ်ဆက်လိုက်တဲ့ ကိုကို့ကြောင့်“ မောနင်းပါ…ကိုကို…”
“ ကျွန်တော်အိပ်ယာထနောက်ကျသွားလို့…
ဆောရီးနော်…”သူ့စကားအဆုံးမှာ
“ တောင်းပန်စရာမလိုပါဘူးကလေးရာ…”
“ ကိုယ့်အိမ်ကိုယ့်ရာလိုနေဖို့…”
“ ညကတည်းက…ကိုကိုပြောထားတယ်မဟုတ်လား…”
