“ အားးးး!!!…”ခေါင်းတစ်ခုလုံးမူးနောက်ရီဝေနေသော ခံစားချက်
ကြောင့် ရှိုင်းခက်ဆစ်တစ်ယောက် မျက်လုံးကို
အသာအယာဖွင့်ကြည့်ကာ ဘေးဘီဝဲယာကိုကြည့်
လိုက်တော့“ ဟင်…ဒီနေရာ…”
သူရောက်နေတဲ့နေရာကို ကြည့်ကာ အံ့သြသင့်နေ
တုန်း“ Wow…”
“ အနိုးမြန်လှချည်လား သခင်လေး…”သူ့ကို ရိသဲ့သဲ့အကြည့်တွေနဲ့ ကြည့်ကာပြောလာတဲ့
သူ့လက်ကိုလိမ်ချိုးထားတဲ့ ထိုလူမိုက်ခေါင်းဆောင်
ကို ခပ်မိုက်မိုက်အကြည့်တွေနဲ့ ပြန်ကြည့်လိုက်ကာ“ အဟတ်…ငါမနိုးသေးရင်…”
“ မင်းတို့က ဘာလုပ်ချင်လို့လဲ…”သူ့စကားအဆုံးမှာ
“ ဘာမှမလုပ်ပါဘူး…”
“ မင်းလေးကို ကိုယ့်ရင်ခွင်ထဲခဏထည့်ထား
ရုံလေးပဲလုပ်မှာ…”
“ ဟား…ဟား…ဟား…”ညစ်ကျယ်ကျယ်ရယ်သံနဲ့ အတူ သူ့အနားတစ်လှမ်း
ချင်းတိုးလာတဲ့ ထိုလူကြောင့် တိုင်နဲ့ပူးပြီးနောက်ပြန်
အချည်ခံထားရတဲ့ သူ့လက်မှကြိုးတွေကို ပြတ်သွား
အောင်လုပ်နေမိလေတော့“ ကျွတ်…ကျွတ်…ကျွတ်…”
“ အခုလိုကျတော့…ဦးခက်မင်းအားကိုးရတဲ့
သားချောလေးက…”
“ ကျားရှေ့က ယုန်သူငယ်လေးပါလား…”ထိုလူမိုက်က ရှိုင်းခတ်ဆစ်ကို နှိမ်ကာပြောရုံတင်မက
“ မင်းတို့အားလုံး ကင်မရာအဆင်သင့်ဖြစ်ရင်
ရိုက်မယ်…”ထိုစကားသံဆုံးသည်နှင့် အိုကေဆိုတဲ့အချက်ပြသံနဲ့အတူ ရှိုင်းခက်ဆစ်၏ မျက်နှာအနီးကိုတဖြည်းဖြည်း
ကပ်လာတဲ့ ထိုလူမိုက်ကောင်၏မျက်နှာကိုရှောင်
ဖယ်နေတုန်းမှာ“ ဒိုင်း…”
အဝေးမှပစ်လိုက်တဲ့သေနတ်သံတစ်ချက်ရဲ့အဆုံးသတ်မှာတော့ အပေါ်စီးကနေသူ့မျက်နှာကို
ပွတ်သပ်ကစားနေတဲ့ လူမိုက်ခေါင်းဆောင်ကြီး၏
ဦးခေါင်းမှာ သွေးများပန်းထွက်သွားသည်နှင့်
တပြိုင်နက်
