Royal Angel Hotel
“ ကောင်းပြီ…ဆက်စောင့်ကြည့်နေ…”
“ သတင်းထူးတာနဲ့…ငါ့ဆီအကြောင်းကြား…”Mတစ်ယောက်အရိပ်မဲ့ဂိုဏ်းထဲလွှတ်ထားသော
သူ့လူဆီကသတင်းပေးမှုကိုဖုန်းကနေတစ်ဆင့်နား
ထောင်လိုက်ပြီးတော့လုပ်သင့်တာလုပ်ထားဖို့မှာ
ကြားလိုက်ခြင်းပင်ဖြစ်သည်။“ အဟတ်…ခင်ဗျားတို့တော်တော်လန့်သွားမှာပေါ့…”
“ ခင်ဗျားတို့အဖွတ်တော်လို့မမိတာမဟုတ်ဘူး…”
“ ကျုပ်သတင်းအမှားပေးလိုက်လို့…ခင်ဗျားတို့
သက်သာသွားတာမှတ်…”
“ တစ်မနက်တည်းခင်ဗျားတို့ဘဝပျက်သွားရင်…”
“ ဒီကစားပွဲကဘယ်ပျော်ဖို့ကောင်းတော့မှာလဲ…”
“ မကြာခင်အချိန်ပိုင်းအတွင်း…ခင်ဗျားတို့ဆီ
ကစားနည်းအသစ်နဲ့…ကျုပ်လာခဲ့မှာပါ…”
“ အရင်ဆုံးကျုပ်နဲ့ကစားခွင့်ရမယ့်သူက…”
သူ့လက်ထဲမှာကိုင်ထားတဲ့ဓာတ်ပုံထဲမှလူကြီးတစ်
ယောက်ပုံကိုစိုက်ကြည့်လိုက်ကာ“ ကျုပ်နဲ့ကစားဖို့အဆင်သင့်ဖြစ်ပြီလား…”
“ ဦး…မြင့်…စံ…”ထိုလူရဲ့နာမည်ကိုသူ့နှုတ်ဖျားကနေတစ်လုံးခြင်း
ရေရွတ်ကာကောက်ကျစ်သောအပြုံးပြုံးလိုက်လေသည်။@@@@@@@@@@@@@@@@@
“ ကျွီ….......”
ဦးခက်မင်းတစ်ယောက်သူ့ကုမ္ပဏီရှိရာဆီသို့အသွားလမ်းအကွေ့တစ်နေရာအရောက်မှာတော့သူ့
ကားရှေ့တည့်တည့်ကနေဖြတ်ပြေးသွားတဲ့
လူငယ်လေးတစ်ယောက်ကြောင့်
သူ့မှာကားဘရိတ်ကိုအချိန်မှီအုပ်လိုက်ရခြင်းပင်ဖြစ်
လေသည်။“ လူငယ်လေး…ဘာဖြစ်သွားသေးလဲ…”
ဦးခက်မင်းလည်းသူ့ကားရှေ့ဖြတ်ပြေးရင်းလဲကျ
သွားသောလူငယ်လေးရှိရာဆီသွားကာမေးလိုက်
တော့“ အီး…ဟီး…ငါ့မုန့်တွေ…ငါ့မုန့်တွေ…အဟင့်…”
“ ငါ့မုန့်တွေပြုတ်ကျကုန်ပြီ…ငါ့မုန့်တွေပြန်ယူ
ပေး…အီး…ဟီး…”
“ အမေနဲ့တိုင်ပြောမယ်…”
“ ငါ့မုန့်တွေ…အဟင့်…ငါစားမယ့်မုန့်တွေ…”
