“ ဒီမှာ…မင်းဝတ်ဖို့အဝတ်အစား…”
“ ဒီအခန်းထဲကရေချိုးခန်းမှာချိုး…”
“ အခန်းအပြင်ထွက်ဖို့တော့…မစဉ်းစားနဲ့…”
“ မင်းအသက်ငါအာမမခံဘူး…”
“ ရှင်းတယ်နော်…”ပန်မြင့်မိုရ်တစ်ယောက်သူလဲဝတ်ဖို့အဝတ်အစားတွေ
ပေးကာသူ့အားပြောပြီးတာနဲ့အခန်းအပြင်ဘက်လှမ်း
ထွက်သွားတဲ့ဟန်လေးကြောင့်“ ဟန်လေး…”
သူ့နာမည်ကိုအဖျားဆွတ်ကာခေါ်လိုက်တဲ့
သူ့မှော်ဆရာမလေးရဲ့ခေါ်သံကြောင့်အခန်း
အပြင်ဘက်လှမ်းကာသွားနေတဲ့ခတ်ဟန်သာရဲ့
ခြေလှမ်းများရပ်တန့်သွားရကာ“ မင်းနဲ့ပြောစရာမရှိလို့…”
ပန်မြင့်မိုရ်လည်းသူ့ကိုတောင်လှည့်မကြည့်ပဲသူ့ကိုပြောပြီးတာနဲ့ထွက်သွားတဲ့ဟန်လေးကြောင့်
“ ဟန်လေးဘက်ကမိုရ်ကိုစိမ်းကားပေမယ့်…”
“ မိုရ်ကတော့…ဟန်လေးကိုစိမ်းကားဖို့ထက်
ပိုင်ဆိုင်ချင်မိတဲ့စိတ်ပိုများနေပြီဆိုတာသိရဲ့လား…”သူ့စိတ်ထဲကနေခိုင်မာတဲ့ဆုံးဖြတ်ချက်ချလိုက်ကာ
အခန်းအပြင်ဘက်ကိုပြေးထွက်သွားလိုက်ပြီး
တော့“ ဟန်လေး…”
သူ့မှော်ဆရာမလေးရဲ့ခေါ်သံကိုကြားလိုက်တော့
ခတ်ဟန်သာလည်းနောက်သို့လှည့်အကြည့်“ တို့ကိုထားမသွားပါနဲ့…တို့ဘဝမှာမင်းမရှိရင်
မဖြစ်လို့ပါ…”
“ တို့စည်းစိမ်အားလုံးမင်းကိုပေးပါ့မယ်…”
“ မင်းသာတို့အနားကနေထွက်မသွားပါနဲ့နော်…”သူ့ကိုတင်းကျပ်စွာပြေးဖက်ရင်းပြောနေတဲ့မိုရ်ရဲ့
စကားကြောင့်…
နဂိုကမှမိုရ်အလှမှာကျရှုံးခဲ့ရတဲ့သူ့နှလုံးသားရဲ့အမိန့်
ကိုမလွန်ဆန်နိုင်ဖြစ်လာရတဲ့အခါမှာတော့…ပန်မြင့်မိုရ်တစ်ယောက်သူ့မျက်နှာကိုမော့ယူကာ
သူ့နှုတ်ခမ်းကိုထိကပ်ရင်းနမ်းလိုက်တဲ့ဟန်လေးရဲ့
ရုတ်တရက်နမ်းလိုက်တဲ့အနမ်းကြောင့်
သူ့မှာကြောင်အမ်းအမ်းဖြစ်သွားရကာ
ဟန်လေးရဲ့အနမ်းတွေကြားမှပြေးထွက်ဖို့ပင်မေ့နေ
မိလေသည်။
