🍁17🍁

3.3K 223 63
                                    


Baek : Happy birthday ပါ omma ရဲ့
Shin ​လေး

Nae 😘😘😘

ဆိုကာ ကိတ်​မုန့်​​ပေါ်တွင်​ ထွန်းထား​သော ဖ​ယောင်းတိုင်
လေးကို မီးမှုတ်​ကာ ဆု​တောင်း​နေ​လေသည်​..... ။

သားဆု​တောင်း​နေချိန်​မှာ... baek ည​နေက
ဟင်းချက်​စရာသွားဝယ်​သည့်​ Arjima ကို ကိတ်​မုန့်​နှင့်​အတူ မှာလိုက်​သည့်
Ironman အရုပ်​​လေးကို အိတ်​​လေးထဲမှထူတ်​လိုက်​သည်​.....။

Baek : ​ရော့ ဒါက သားအတွက်​ omma ရဲ့
လက်​​ဆောင်​.

Wow! Ironman အရုပ်​ကြီးပါလား? 😍😍

သူလိုချင်​ခဲ့သည့်​ အရုပ်​​လေးရလို့ ​ပျော်​​နေသည့်​သားကို
ကြည့်​ကာ....baek စိတ်​ညစ်​စရာ​တွေ​တောင်
ပျောက်​သွားသလို.... ။
သားရဲ့ နူးညံ့​နေသည့်​ ဆံပင်​အုပ်​အုပ်​က​လေးကို
လက်​နှင့်​အသာဖွ​ပေးကာ... baek ပြုံး​နေမိသည်​..။

သားကိုကြည့်​​နေရင်း... ခါးနားက မခံမရပ်​နိုင်​​အောင်
အောင့်​တက်​လာသည့်​မို့... baek သူမခါးကို ဖိကာ
နာကျင်​မှုကို ​တောင့်​ခံ​ထားကာ အိတ်​ထဲက ​ဆေးဗူး​လေးထဲ ​ဆေးတစ်​လုံးကိုထုတ်​ကာ ​အမြန်​​သောက်​လိုက်​ရသည်​... ။ အခုတ​လော
ဘာဖြစ်​မှန်းမသိ ခါးက ကိုက်​သလိုလို ​အောင့်​သလိုလို
ဖြစ်​​နေသည်​.... ။ ​ဆေးခန်းသွားရ​အောင်​လည်း
ပိုက်​ဆံ ကမရှိ... ။ ​ဆေးခန်းတစ်​ခါသွားရင်​ အနည်းဆုံး
ဝမ်​သုံး​လေး​သောင်း​လောက်​က အနည်းဆုံးဆို​တော့
Baek အပြင်​​ဆေးဆိုင်​က အကိုက်​အခဲ​ပျောက်​​ဆေးကို
သာ ​​သောက်​​နေရသည်​...။

ဟင်​ omma ဘာဖြစ်​​နေတာလဲ? ​ချွေး​တွေလည်း
ထွက်​​နေတယ်

သူ့အတွက်​၀ယ်​​ပေးထားတဲ့ Ironman အရုပ်​နဲ့​ကစား​နေရင်း... baek ကိုလှည့်​ကြည့်​လာ​တော့... baek.
ရဲ့ပုံစံကို မြင်​ကာ စိုးရိမ်​​နေသည့်​​လေသံ​လေးနှင့်​​မေးလာပြီး
.baek နဖူး​ပေါ်က ​ချွေး​​စေး​တွေကို
လက်​က​လေးနဲ့အသာသုတ်​​ပေး​နေ​လေသည်​...။

Baek : omma ဘာမှမဖြစ်​ပါဘူး သားရဲ့
စား​တော့​လေ သားကြိုက်​တဲ့ စ​တော်​ဘယ်​ရီ ကိတ်​မုန့်​မလား? 

Moonlight Dawn By Cloud (Completed)Where stories live. Discover now