Yeol : အဲ့မှာ မင်းအတွက် ညအိပ်ဝတ်စုံတင်ထားတယ်
လဲပြီးတာ ကုတင်ပေါ်တက်လာခဲ့!!!Baek. Shin လေးကိုသိပ်ပြီး... yeol အခန်းထဲ
ပြန်ဝင်လာတော့... yeol ရဲ့ အလိုမကျသံနှင့်
ပြောလာသည့် အပြောကို ဘာမှပြောမနေဘဲ
ခုတင်ရှေ့က စားပွဲခုံမှာ.တင်ထားသည်..
ပန်းနုရောင်ည၀တ်ဂါဝန်လေးကို..ယူကာ
အ၀တ်လဲခန်းထဲဝင်လာလိုက်သည်..... ။ဝတ်ပြီးလို့ မှန်ထဲက ကိုယ့်ပုံကိုပြန်ကြည့်ပြီး...
အရမ်း ကို.သဘောကျနေမိသည်..... ။
ပန်းနုရောင်ဂါဝန်လေးက.. baek နဲ့အနည်းငယ်တော့
ကြီးနေသည်.... ။
အောက်ခံဖဲသားပေါ်မှာ ဖဲပြားပုံသဏ္ဌန် ဇာအပါးလေးက
ရင်ဘက်နားအထိထပ်ထားသည်...။
အောက်ဘက်ပိုင်းကတော့.... သာမန်ညအိပ်ဝတ်စုံတွေလို
မျိုး လျောဆင်းသွားပေမဲ့ အောက်နားစမရောက်မီမှာ
အတွန့်လေးတွေကို အနက်ရောင်ဇာနှင့်ပြန်တွန့်ထားသည်။
သို့သော် ခန္ဓာကိုယ်သေးသွယ်သည့်... baek ကြောင့် ၀တ်စုံလေးက ချပ်ချပ်ကပ်ကပ်
နှင့်အတော်လိုက်ဖက်နေသည်...... ။
ထိုအချိန် ခါးအား သန်မာပြီး အကြောစိမ်း များပါ
မြင်နေရသည့် လက်အစုံက
တင်းကျပ်စွာအဖက်ခံမှုရမှုနှင့်အတူ..
မျက်နှာကပါ လည်တိုင်ထံအပ်ကာ...
နမ်းရှုံ့နေမှုကြောင့်.....
Baek အပြုံးတို့ ပျောက်ကွယ်သွားရသည်...။
ရုတ်တရက်ဆိုတော့..လန့်သွားပေမဲ့...
ဘယ်သူလဲဆိုတာ သိနေသည့်အပြင်....
ရုန်းထွက်လို့လည်း မရနိုင်တာသိသည်ကြောင့်...
မျက်လုံးစုံမှိတ်ကာ... နေ,နေလိုက်သည်..... ။Yeol : အား.... မွေးနေတာပဲကွာ!
အကျီင်္ိက ၀တ်လိုက်တော့လည်း လှသားပဲ!
ဒါ ခုမှ ငါတို့ LOEY fashion.က ထုတ်မဲ့
ညအိပ်ဝတ်စုံ... အထူးသဖြင့် ဒါဝတ်စုံက
ငါ နဲ့ မ လက်ထပ်တဲ့အခါ မ ၀တ်ဖို့အတွက်
ရည်ရွယ်ထားတယ်ဆိုပါတော့......
ဒါပေမဲ့ ဒီဝတ်စုံ ကြည့်ကောင်းမကောင်းက..
တစ်ယောက်ယောက်ကို အရင်ဝတ်ကြည့်ခိုင်းမှာသိမှာလေ
မ ကိုဝတ်ကြည့်ခိုင်းရင် ရပေမဲ့ မင်္ဂလာဦးညမှ
မ ကို suprise လုပ်မှာဆိုတော့ မဖြစ်သေးဘူးလေ
ဟုတ်တယ်မလား? .....