🍁24🍁

2.9K 248 73
                                    


Tao : ရှင်​ အခုချိန်​ထိ မအိပ်​​သေးဘဲ
ဘာလုပ်​​နေတာလဲ? မနက်​ဖြန်​ ရှင်​ com:
မှာ meeting ရှိတယ်​မလား?

ညနက်​အချိန်​ထိ မအိပ်​​သေးဘဲ ကုတင်​​ပေါ် မှီကာ
ထိုင်​​နေသည့်​ kris အား ​​တစ်​​ရေးနိုး​ရေထ​သောက်​သည့်
Tao သတိ​ပေးလိုက်​သည်​...... ။

Kris : သိပါတယ်​ကွာ ဒါ​ပေမယ့်​ ကိုယ်
စဉ်းစား​နေတာ.... shin ​လေး ကို မင်းသား
အိမ်​မှာ ​တွေ့လိုက်​တယ်​ဆိုတာ​လေ....

Tao : ဘာလဲ? Kie ,​လေးက သားအိမ်​မှာ
နေ,​နေတယ်​လို့ ရှင်​ထင်​​နေတာလား?
သားက kie ကိုသာ ပြန်​​တွေ့ရင်​ ကျွန်​မတို့ကို
ပြောမှာ​ပေါ့....

Kris : ဒါ​ပေမဲ့လည်း မင်း သားက
ထူးထူးဆန်းဆန်း ​တွေလုပ်​တတ်​တယ်​မလား?
ငါတို့ကို အသိမ​ပေးဘဲ သူ့အိမ်​မှာ တိတ်​တိတ်​​လေး
ခေါ်ထားတာလည်း ဖြစ်​နိုင်​တာပဲ​လေ......
ပြောလို့မရဘူး... မင်းသားက kie ​လေးကို
သူ့ကို သစ္စာ​ဖောက်ပါတယ်​ဆိုပြီး... နှိပ်​စက်​​နေမှာ
စိုးတာ.........

Tao : အို ရှင်​ကလည်း သားက နည်းနည်းဆိုး​ပေမယ့်​​သူသိပ်​ချစ်​ခဲ့တဲ့ kie ​လေး အ​ပေါ်​တော့ အဲ့လိုလုပ်​မယ်
မထင်​ပါဘူး.....

Kris : အချစ်​ကြီးရင်​ အမျက်​ကြီးလည်းကြီးတယ်
ဆိုတာ မင်းသိမှာပါ....

Tao : မဟုတ်​​လောက်​ပါဘူး ရှင်​ကလည်း.......
ဒါနဲ့ DNA က ဘယ်​​တော့​လောက်​ ရမှာတဲ့လဲ?

သူ့သားကို အပြစ်​တင်​မယ့်​စကားောတင်​ မစရ​သေး
ချက်​ချင်းစကားလမ်း​ကြောင်းလွှဲသွားသည့်​...
Tao အား kris လုံးဝမနို်င်​​ပေ..... ။

Kris : ​သန်​ဘက်​ခါ​လောက်​မှ ရမယ်​တဲ့

Tao : ဟာ ရှင်​က​တော့ လုပ်​ပြီ
ဘာ သန်​ဘက်​ခါလည်း... မနက်​ဖြန်​ဆို​တော်​​သေးတယ်

Kris : ​ဟ မင်းကလည်း ပုံမှန်​ဆို DNA
စစ်​တာ တစ်​ပတ်​​လောက်​ကြာတယ်​...
အဲ့ဒါကို ငါ ပါရဂူ Inn ကို အတင်းမနက်​ဖြန်
ရ​အောင်​ လုပ်​ခိုင်းရတာ.... မင်းက ဘာလို့
အလျင်​လို​နေတာတုန်း....

Tao :  ဟာ.ရှင်​ကလည်း အလျင်​လိုရတာ​ပေါ့...
သိပ်​မကြာခင်​ သား ရဲ့​စေ့စပ်​ပွဲက လာ​တော့မယ်
တကယ်​လို့ မဟုတ်​ရင်​ ​တော့ ကိစ္စမရှိ​ပေမဲ့
ဟုတ်​ရင်​​တော့... ​စေ့စပ်​ပွဲကို.ပြန်​စဉ်းစားရမယ်​​လေ
ဘာလဲ ရှင်​က.ကျွန်​မ ​မြေးကို.မိမစုံဖမစုံ နဲ့
ကြီးပြင်း​စေချင်​တာလား? ....

Moonlight Dawn By Cloud (Completed)Where stories live. Discover now