🍁38🍁

3.6K 286 47
                                    

baek မနေ့ညက ခါးက တစ်ညလုံး ကိုက်နေသည်
ကြောင့်.... လုံးဝအိပ်မရခဲ့.....။ yeol ကတော့
ဆိုဖာမှာ အိပ်သည်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေခဲ့သည်....။ မိုးလင်းခါနီးမှ
baek ပြန်အိပ်ပျော်သွားပြီး..နာရီဝက်လောက်မှာ အခန်းထဲမှ လှုပ်ရှားသံရယ် ၊ စကားပြောသံတွေရယ်
ကြောင့် ပြန်နိုးလာပြီး ကြည့်တော့...
yeol နဲ့ သူ့အတွင်းရေးမှူး....။ အ၀တ်အစား
အပြည့်အစုံဝတ်ဆင်ပြီး စားပွဲပေါ်က file အထပ်
လိုက်ကိုစစ်ပြီး... ပါးစပ်ကလည်း သူ့အတွင်းရေးမှုး
အား ဘာတွေပြောလို့ပြောမှန်းမသိ ပြောနေသည်....။

မနေ့ညက အိမ်မှာ ပြန်အိပ်သည့် သူ့omma
ကိုလည်း လှမ်းခေါ်နေပြန်သည်.....။
သိပ်မကြာဘူး သူတို့နှစ်ယောက် ထွက်သွားလေသည်။
သူတို့ထွက်သွားတော့မှ baek လည်း မှေးခနဲ
ပြန်အိပ်ပျော်သွားသည်.....။ အိပ်ပျော်နေစဉ်မှာပဲ
ရုတ်တရက် အသက်ရှူကြပ်လာပြီး...
မျက်လုံးကလည်း ဖွင့်ကြည့်လို့မရ...။
လွတ်လပ်နေသေးသည့် လက်တို့နှင့် မျက်နှာပေါ်က
အရာအား ဖယ်ထုတ်ဖို့ လှုပ်ရမ်းတော့ လက်တစ်ဖက်ကို
ထိမိသည်....။

baek သူမ ထိမိလိုက်သော လက်ကြောင့်...
သူမကို တစ်ယောက်ယောက် လုပ်ကြံနေမှန်း
သိတော့သည်.... ။ မွန်းကြပ်လာမှုနှင့်အတူ
အသက်ရှုရခက်ခဲလာသည်ကြောင့်... ထိုစမ်းမိသော
လက်အား... သူမရဲ့ မညှပ်ရသေးသော
လက်သည်းရှည်များနှင့် အားကုန် ကုပ်ခြစ်ရတော့သည်။
baek လက်သည်းများ၏ ကုပ်ခြစ်မှုကြောင့်
အား ဆိုသော မိန်းကလေးတစ်ယောက်အော်သံနှင့်အတူ
baek မျက်နှာပေါ်တွင် ဖိထားအရာလည်း
အားလျော့သွားတာနှင့်... Baek ချက်ချင်းပဲ
အလျင်အမြန်ဖယ်ပြီး တရားခံကို ကြည့်လိုက်တော့...

Baek : unnie!!! ဘယ်လိုလုပ်!!

Nana : ဟုတ်တယ် ငါပဲ byun baekkie
နင့်ကြောင့် ငါ့မှာ ရှိတဲ့အရာအားလုံးဆုံးရှုံးသွားရပြီ!
ငါ့ appa ရော မောင် ရော!! ငါ့ဘ၀ မှာ
နောင်တအရဆုံးအလုပ်ကို ပြောပါဆိုရင်
လွန်ခဲ့တဲ့ ခြောက်နှစ်က နင့်တို့သားမိကို ကယ်တင်
ပေးခဲ့တာပဲ!! အဲ့တုန်းကသာ နင့်တို့ကို
မကူညီပေးခဲ့ရင် ဒီချိန် ငါလည်း မောင် နဲ့
လက်ထပ်ပြီး ဘ၀ကိုအေးအေးချမ်းချမ်း...
ဖြတ်သန်းနေရလောက်ပြီ.. ငါလေ နင့်ကို
အရမ်းမုန်းတယ် သိလား!! အဲ့တော့ နင့်သေရမယ်
နင်သေမှ မောင် က ငါ့ကို လက်ထပ်ပြီး ငါ့appa
ကိုလည်း ခွင့်လွှတ်ပေးမှာ....

Moonlight Dawn By Cloud (Completed)Where stories live. Discover now