ဒုန်း!!!
Baek : အ့! ဘယ်လိုဖြစ်လို့ !!
Yeol : မင်း ပါးစပ်ကိုပိတ်ထားပြီး ငါ့နောက်
အေးဆေးလိုက်ခဲ့.....Baek အိမ်ပြန်ရောက်တော့ အ၀တ်အစားလဲကာ..
အိပ်ပျော်နေသော သားရဲ့ဘေး.၀င်လှဲရုံရှိသေး..
အခန်းထဲ ဒုန်းဒို်င်းဝင်လာပြီး baek လက်ကိုလာဆွဲသဖြင့်
ရုန်းရုံရှိသေး... အံကိုကြိတ်ကာ သူ့နောက်လိုက်ရန်
ပြောလာသည်မို့... ဘာမှ ဆက်မပြောဘဲ သူခေါ်ဆောင်ရာကို
လိုက်ခဲ့သည်.....။Yeol : ကဲ ပြောပါဦး မင်းဘာကိစ္စ အပြင်ထွက်ပြီး
ပြဿနာ ရှာတာလဲ? မင်းကို ငါ အပြင်မထွက်ရဘူး
လို့ မပြောထားဘူးလား? !!!အပေါ်ထပ်က သူ့အခန်းထဲ ရောက်တော့...
Baek အား အရုပ်လေးတစ်ရုပ်လို ဆိုဖာပေါ်
တွန်းလိုက်ချလိုက်ပြီး... ညနေက ကိစ္စကို
ပြောလာသည်...... ။Baek.yeol အတင်းဆွဲကိုင်ထားလို့..
နီရဲနေသည့် လက်ကို ပွတ်ရင်း ပြန်ဖြေလိုက်သည်။Baek : ကျွန်မ သားကို ကျောင်းလိုက်ပို့တာပဲရှိတာ..
ကျောင်းပို့ပြီး ပြန်လာတဲ့အချိန် လမ်းမှာ tao omma နဲ့
တွေ့ပြီး omma က အတင်းခေါ်သွားတာနဲ့... ပါသွားတာ
အခြားဘာမှ မရှိဘူး......Yeol : မင်းက တော်တော် ငါ့စကားနားထောင်တာပဲ
မင်းကို ငါဘာပြောထားလဲ? Shin လေးရဲ့ ကျောင်းအကြိုအပို့ကို
ငါ့driver နဲ့ပဲ လုပ်ခိုင်းထားပြီး မင်းကို အိမ်ထဲမှာပဲ
ထမင်းဟင်းချက်နေပါလို့ မပြောထားဘူးလား?
ပြီးတော့.. မ ကိုလည်း မင်း ငါ့အိမ်မှာ နေ,နေတယ်ဆိုတာ
မသိပါစေနဲ့ လို့ လည်း ပြောထားတယ်လေ!!Baek : ကျွန်မ ကရော ဘာပြောလို့လဲ ရှင်ပြောထားတဲ့အတိုင်းပဲ
နေခဲ့တာလေ... ဒီနေ့မှ တိုက်ဆိုင်ပြီး သိသွားတာတေ့....
ကျွန်မလည်း မတက်နိုင်ဘူး...Yeol : ဘာ မတတ်နိုင်ဘူး ဟုတ်လား!!
အခုဆိုရင် မင်းကို omma တို့က တွေ့သွားပြီး
သူတို့ဆီမှာ ခေါ်ထားဖို့လုပ်နေပြီ.. အဲ့ဒါဆို မင်းရဲ့မကျေသေးတဲ့
ငါ့အကြွေးတွေ ဘယ်လိုလုပ်မှာလဲ? အာ ဟုတ်သားပဲ
မင်းက ငါ့မိဘတွေ မင်းကို ရှာနေတယ်ဆိုတာသိလို့..
ငါ့မိဘတွေ မတွေ့တွေ့အောင် လုပ်ပြီး မင်းရဲ့ အကြွေးတွေကို
ဆပ်ခို်င်းမလို့လား? Hk ဥာဏ်ကလည်းကောင်းပေ့နော့်...