Yeol : ကဲ ရှင်းပြစမ်းပါဦး မင်းက ဘာကြောင့်
အခုလိုလုပ်ရသလဲဆိုတာ... ပြောစမ်းပါဦး....
သား ကိစ္စကို ဖုံးကွယ်ထားတဲ့အကြောင်းလေ....Baek သားနဲ့ yeol အခုလို သူမဆီ လိုက်လာမယ်လို့
မထင်မှတ်ထားတာကြောင့်.... အံသြပြီး...
ဘာပြောရမှန်းမသိ ဖြစ်နေတုန်း.... yeol ဘက်က
စ ပြောလာတဲ့ စကားကြောင့် လန့်သွားသည်...။
ပြီးတော့ ဒီနေ့က သူ့ မင်္ဂလာပွဲနေ့ကို ဘယ်လိုဖြစ်ပြီး
ဒီကိုရောက်လာရတာလဲ?Baek : ရှင် က ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ
ပြီးတော့ သားကလည်း ဘယ်လိုလုပ် ရှင်နဲ့အတူ
ပါလာရတာလဲ ဒီနေ့ ရှင့် မင်္ဂလာပွဲနေ့လေ..မေးတာ တစ်ခြား ဖြေတာတစ်ခြား ဖြစ်နေသည့်
Baek ကို yeol စိတ်မရှည်တော့....
အကယ်၍ သူသာ ဒီဆေးရုံကို အချိန်မီ ရောက်မလာပါက
နောက်ဆက်တွဲက မတွေးရဲစရာ... ။Yeol : ကျစ် မင်း ငါမေးတာ သာ အရင်ဖြေစမ်းပါ
ဘာကြောင့် သားရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားရတာလဲ
ဟင်Baek : ကျွန်မ ပြောတော့ကော ရှင်က လက်ခံမှာမို့လို့လား
ပြီးတော့... အဲ့အချိန်တုန်းက ရှင်ပဲ ကျွန်မကို
ငါ့လက်တွဲဖော်က သိပ်ကိုထက်မြတ်တဲ့ Dr.Nana ပါဆို
အဲ့တော့ ကျွန်မက ဘာတွေများပြောရဦးမှာလဲYeol : ကျစ် အဲ့ဒါနဲ့ပဲ မင်းက ငါ့ကို သားဖြစ်တည်မှုကို
တစ်သက်လုံး ဖုံးထားလိုက်တော့ပေါ့.... အဲ့လိုလား
ပြောပါဦး!!!Baek : ရှင် စကားပြော ဆင်ခြင်ပါ ဒီမှာ သားရှိတယ်
တစ်စတစ်စ ပြောရင်း ကျယ်လောင်လာသည့်...
စကားသံများ သားကလည်း baek ပေါင်ပေါ်မှာ
ထိုင်ရင်း baek တို့ပြောစကားများကို.....
နားထောင်နေသည်ကြောင့်.... သား မကြားသင့်တာ
မကြားရအောင် တားမြစ်လိုက်သည်..... ။Yeol : အင်း... နောက်မှ မင်းနဲ့ဆက်ပြောကြမယ်
တိတ်ဆိတ်သွားတဲ့အခန်းထဲ... ပေါင်ပေါ်မှာ
အိပ်ပျော်နေသည့် သားရဲ့အသက်ရှူသာ
ကြားနေရသည်..... ။ သိပ်မကြာပါဘူး
Tao နှင့် kris တို့ရောက်လာပြီး.. baek အား
သားဖြစ်သူအတွက် တောင်းပန်ကြောင်းတွေနှင့်
သူတို့နှင့်အတူ သားနှင့်baek တို့်အား လိုက်နေရန်ပြောလေသည်....။ သူတို့် kie လေး
အပေါ်လုပ်ခဲ့သည့် yeol လုပ်ရက်အား..လုံးဝ
ခွင့်မလွှတ်ဘဲ.... အမွေပါဖြတ်မည်ဆိုတာတွေရော
ပြောလေသည်.....။